Part 10

408 67 18
                                    

All things grow with LOVE
Part 10

အချစ်ဆိုသည့်ကြိုးနှင့် သံယောဇဉ်ဆိုသည့်ကြိုး မည်သည့်အရာနှင့် ချည်နှောင်လျှင်  ကျွန်တော်တို့ နှလုံးသားတွေ ခိုင်မာပါမည်နည်း။ ပန်းပင်လေး တစ်ပင်ရှင်သန်ကြီးထွားဖို့ အချိန်ကြာကြာ တယုတယနဲ့ ရေလောင်းပေါင်းသင်ရသလို၊ နေရောင်ခြည်၊ အပူ အအေး၊ အစိုဓာတ်တို့ မျှတစေရန်လည်း ဂရုပြုရပြန်သည်။ နုနယ်သည့် သဘာဝရှိသောပန်းကလေးများကို စကားပြောပေး၍ ဖြစ်စေ၊ တေးသွားလေးများ ဖွင့်ပြရင်းဖြစ်စေ နွေးထွေးပေးရပြန်သည်။

ကြည့်နူးမှုတွေ ရစ်သိုင်းနေသည့် တိုက်ခန်းငယ်လေး၏ဝရံတာတွင် အလျားလိုက် ပလပ်စတစ်ပန်းအိုးအရှည်များလေး ချိတ်ဆွဲထားပြီး ဆယ့်နှစ်ရာသီပန်းပင်လေးများ စိုက်ပျိုးထားသည်။ ဂျောင်ဆူးက အနီ အဝါ ပန်းရောင်နုနု ရောင်စုံရှိနေသော ဆယ့်နှစ်ရာသီပန်းပွင့်ငယ်လေးများကို ရေလောင်းပေးရင်း နှုတ်ခမ်းများက ကြည်နူးမှုနဲ့ ပြုံးယောင်သမ်းလို့နေသည်။ နံနက်ခင်းနေရောင်ခြည်က တိုက်ခန်းငယ်လေးရဲ့ ဝရံတာပေါ် ဖျာကျနေသောကြောင့် ပန်းပွင့်လေးများသည် ပွင့်လန်းနေ၍ နေရောင်ခြည်ဖြန့်ကျက်ခံထားရသော ကောင်ငယ်လေးရဲ့ ပါးနုနုလေးတွေကလည်း ဝင်းပလို့နေသည်။

အချစ်လား ဘာလားမသိပေမဲ့ ဘယ်ဘက်လက်ကောက်ဝတ်လေးပေါ်အကြည့်ရောက်သွားတိုင်း ကြည်နူးမှုက အတိုင်းမသိပင်။ အချိန်တိုလေးအတွင်းမှာပင် နှလုံးသားနှစ်ခု တစ်ထပ်တည်းကျအောင် ပေါင်းစည်းပစ်လိုက်ချင်သည်အထိ အစ်ကို့အပေါ် ဂျောင်ဆူး ခံစားချက်တွေကအတည်တကျ အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။ ချစ်တယ်လို့ပြောဖို့ နှုတ်ကမရဲသေးပေမဲ့ အစ်ကို့အချစ်တွေကို ရှောင်မနေတော့ဘဲ အလိုက်သင့်လေး လက်ခံလိုက်တာက အစ်ကို့ဘဝထဲ ကျွန်တော်လှမ်းဝင်ခဲ့တဲ့ ပထမဆုံး ခြေလှမ်းပဲ မဟုတ်လား။

နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတို့ဟာ ကိုယ့်အလုပ်ရှင်အတွက် ဆိုတာထက် ကိုယ်ပြုစုယုယပေးချင်တဲ့ အစ်ကိုနဲ့ အယ်လ်ဗင်လေးအတွက်ဆိုသည့် အသိကြောင့် ပိုပြီး လှပလာခဲ့သည်။ ချက်ပြုတ်သည့်ဟင်းတွေက အစပ်အဟပ်ပိုတည့်လာခဲ့ပြီး ကော်ဖီစက်က ကျလာတဲ့ ကော်ဖီသံလေးကအစ နားဝင်ချိုလာခဲ့သည်။

All things grow with LOVE 💕Where stories live. Discover now