Part 7

396 71 32
                                    

All things grow with LOVE
Part 7

"ကိုကိုသေးသေးလေးရေ အယ်လ်ဗင်တို့ကျောင်းကလေ မနက်ဖြန်ကျရင် ဟင်းချက်ပြီးယူလာရမယ်တဲ့"

ညစာစားပြီး အရံဟင်းများ ပြန်သိမ်းနေတုန်း အယ်လ်ဗင်က အခန်းထဲကထွက်လာရင်းပြောသည်။

"ကိုကို အယ်လ်ဗင့်ကို နေ့တိုင်းချက်ပေးနေတာပဲ"

"မဟုတ်ဘူး မဟုတ်ဘူး ဆရာမက စာရေးပေးလိုက်တယ်"

"ကိုကို့ကို ပြ"

အယ်လ်ဗင့် ကျောပိုးအိတ်ထဲက စာရွက်လေးကို ထုတ်ယူပြီးကြည့်လိုက်သည်။ Potluck Party လို့ခေါင်းစဉ်တပ်ထားပြီး ကလေးများ အိမ်ကနေ အစားအသောက်ယူလာကာ အတန်းဖော်များနှင့် အတူစားသည့်ပွဲဖြစ်သည်။

"ခေါက်ဆွဲကြော်နဲ့ အသီးဖျော်ရည် ထည့်ပေးရမှာပဲ
ကိုကိုလိုတာတွေ သွားဝယ်ရဦးမယ်
အယ်လ်ဗင် ဒယ်ဒီနဲ့ခဏနေခဲ့နော်"

အယ်လ်ဗင့်ကျောပိုးအိတ်ကို အခန်းထဲပြန်ထည့်ပေးလိုက်ပြီး အစ်ကို့အခန်းတံခါးကို သွားခေါက်လိုက်သည်။ ညစာစားပြီး အစ်ကိုက အလုပ်လုပ်စရာပါလာသည်ဆိုပြီး အခန်းထဲဝင်သွားတာဖြစ်သည်။ အလုပ်များနေသည့်လူကို အားနာပေမဲ့ ကလေးအများအတွက် ချက်ပြုတ်ဖို့တော့ အိမ်မှာ ပစ္စည်းမလုံလောက်ပါ။ အသီးဖျော်ရည်လုပ်ဖို့လည်း အသီးမရှိသောကြောင့် သွားဝယ်မှပဲ အဆင်ပြေလိမ့်မည်။

"အယ်လ်ဗင်လား ဝင်လာလေ"

"အစ်ကို"

"ဪ အသေးလေး ဘာဖြစ်လို့လဲ"

"ဟို မနက်ဖြန် အယ်လ်ဗင်တို့ကျောင်းက Potluck party အတွက် ချက်ပေးဖို့ လိုတာလေးတွေ သွားဝယ်ချင်လို့
အယ်လ်ဗင့်ကို အစ်ကိုနဲ့ခဏထားခဲ့လို့ရလား"

"Party လား... အရင်တုန်းကတော့ ကျောင်းပို့ရင်း လမ်းမှာတွေ့တဲ့ဆိုင်က တစ်ခုခုဝယ်ထည့်ပေးလိုက်တာပဲ
အပင်ပန်းခံပြီး ချက်မနေပါနဲ့ ဝယ်ပေးလိုက်ရင်ရတယ်"

"အစ်ကို Potluck party က အိမ်ကချက်တဲ့အစားအသောက်တွေနဲ့ပဲလုပ်ရတာလေ
ကျွန်တော် ချက်ပေးလိုက်ချင်လို့ အပြင်အစားအစာတွေကျ ကလေးအတွက် ဘယ်ကောင်းပါ့မလဲ"

All things grow with LOVE 💕Donde viven las historias. Descúbrelo ahora