Part 5

384 74 28
                                    

All things grow with LOVE
Part 5

"ဒါလေးစားကြည့် အယ်လ်ဗင် အထဲမှာ ချောကလက်ထည့်ထားတာ
ပူတုန်းစားမှကောင်းတာ"

"ဒါဘာလို့ခေါ်တာလဲ ကိုကိုသေးသေးလေး"

"ရွှေငါးပေါင်မုန့်လေ အယ်လ်ဗင်မစားဖူးဘူးလား"

"အင်း ဒယ်ဒီက ဝယ်မကျွေးဖူးဘူး"

"အယ်လ်ဗင် ကြိုက်လား"

"ကြိုက်တယ် ကိုကိုသေးသေးလေး
ဒယ်ဒီက ဘာလို့အရင်တုန်းကဝယ်မကျွေးတာလဲမသိဘူး ဒယ်ဒီက အကျင့်ပုတ်လိုက်တာ"

မီးဖိုခန်းက စကားသံတွေကိုနားထောင်ရင်း ချန်ယောလ် စိတ်တွေလေးလံပြီးတင်းကြပ်လာသည်။ လမ်းထိပ်မှာရှိနေတဲ့ ရွှေငါးပေါင်မုန့်ဆိုင်ကို မြင်လျက်နဲ့ မမြင်ချင်ယောင်ဆောင်နေရသည့် အချိန်တွေက တကယ်ပင်ပန်းသည်။ အယ်လ်ဗင့်ကို ဒီမုန့်မကျွေးဘဲ တမင်ထားတာပေမဲ့ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် အသေးလေးက ဝယ်လာပုံရသည်။ အယ်လ်ဗင့်ရဲ့အပြုအမူ အကြိုက်တော်တော်များများက ဆိုဝန်နှင့်တူသည်။ ခေါင်းမာတာ ဆိုးတာ ဂျစ်တာ ဒါဆို ဒါပဲ အစွဲအလန်းကြီးနေတာတွေက တကယ်ကို ဆိုဝန်အသေးစားလေးကို ပြန်တွေ့နေရသလိုပင်။ အယ်လ်ဗင့်ကိုမြင်တိုင်း ဆိုဝန့်ကို အမှတ်ရစေလို့ စိတ်ကျဉ်းကြပ်ရပြီး ဆိုဝန့်ကို ဆုံးရှုံးခဲ့ရတုန်းက နာကျင်မှုကိုလည်း ပြန်ခံစားရသည်။

"အယ်လ်ဗင့် ဒယ်ဒီက မုန့်ဆိုင်နဲ့ မကြုံလို့နေမှာပေါ့ ပြီးရင် နွားနို့သောက်နော်"

အသေးလေးက နွားနို့ဖန်ခွက်ကို အယ်လ်ဗင့်ရှေ့ တိုးပေးရင်းပြောသည်။ ဒီကောင်လေးရောက်လာမှ အိမ်က အသင့်စားအစားအသောက်တွေနဲ့ လွတ်ကင်းသွားတော့တာဖြစ်သည်။ အရင်ကဆို အဆင်သင့်စားလို့ရသည့် အစားအစာများနှင့်သာ နေ့ရက်တိုင်းကို ဖြတ်ကျော်ရသည်။

"ကိုကိုသေးသေးလေးကို ဘယ်သူဝယ်ကျွေးလို့စားဖူးတာလဲ"

"ကိုကို့ရဲ့ ကိုကို ဝယ်ကျွေးနေကျမို့လို့
ကိုကို့ရဲ့ ကိုကိုက ချောကလက်ထည့်ထားတာ အကြိုက်ဆုံးမို့လို့ အဲ့ဒါဝယ်လာတာ"

All things grow with LOVE 💕Tempat cerita menjadi hidup. Temukan sekarang