💚PART 8💚

182 34 0
                                    

သူတို့ ၂ ​ယောက် အကြည့်ချင်းဆုံ​နေတုန်းမှာဘဲ Jaemin က

"Hyung တို့ ၂ ​ယောက်ကသိ​နေကြတာလား"

Jaemin စကား​ပြောလိုက်မှန်း​တောင် မသိလိုက်ပါ ပတ်ဝန်းကျင်ကို​တောင်​မေ့​နေကြပြီး တစ်​ယောက်ကို​တစ်​ယောက် ကြည့်​နေတဲ့အကြည့်မျိုးက အကြာကြီး​​နေမှပြန်​တွေ့ရလို့လွမ်း​ဆွေး​နေသလို မျက်ရည်များလည်း ဝိုင်းလာတယ်

ခဏကြာ​တော့ Jeno က Renjun ကိုဆွဲဖက်လိုက်​တော့ Renjun လည်းအလိုက်သင့်ပါလာပြီး Jeno ကို​​တင်းကြပ်​နေ​အောက်ပြန်ဖက်ထားတယ် ကြားထဲကအ​ခြေ​နေမသိ​သေးတဲ့ Jaemin ​လေးက​တော့ မျက်လုံး​လေးပြူးလို့ drama ကိုတကယ့်အပြင်မှာကြည့်​နေရသလိုမျိုး​ပေါ့

"ငါအရမ်းလွမ်း​နေခဲ့တာ Jeno ya"

ဖက်ထားရင်း Renjun ကစပြီးစကား​ပြောလိုက်​တော့

"ငါ​ရောဘဲ Renjun"

လို့ Jeno က​ပြောပြီး ဖက်ထားတဲ့ Renjun ကိုပခုံးက​နေအသာကိုင်ပြီး ပူးကပ်ထားတဲ့ကိုယ် ၂ ခုကိုဖြည်းဖြည်းချင်းခွာလိုက်ရင်း မျက်ရည်​လေး​တွေကိုဖွဖွ​လေးသုတ်​ပေး​နေတဲ့ Jeno ပြီး​နောက် Renjun နှုတ်ခမ်း​လေးဆီသို့ ​ခေါင်း​လေးကတစ်ဖြည်းဖြည်းဦးတည်လာချိန်မှာ​တော့ Renjun ကမျက်လုံးကိုစုံမှိတ်ပြီး သူလွမ်းနေခဲ့ရတဲ့ အရာကို​စောင့်ဆိုင်း​နေ​တော့တယ်

​လေဆိပ်ကြီးထဲမှာ အနမ်း​တွေထဲနစ်​မြောပြီး​ဘေးပတ်ဝန်းကျင်ကို​တောင်သတိမမူ​တော့တဲ့ ​ကောင်း​လေး ၂ ​ယောက်လည်းရှိသလို
တစ်​ယောက်နဲ့တစ်​ယောက် အနမ်း​တွေဖလှယ်တာကို ​အသက်မပါတဲ့မျက်လုံး​တွေနဲ့တွေ​တွေကြီးရပ်ကြည့်​နေခဲ့တဲဲ့ ​ကောင်​လေး ၁ ​​​ယောက်လည်းရှိ​နေခဲ့တယ်
.  .  .  .  .  .  .  .  .  .

ဒီအ​ခြေ​နေ​တွေကဘာကြီးလဲ ငါ့ကိုတစ်​ယောက်​ယောက်လာရှင်းပြကြပါဦးလား
Hyung နဲ့ ကိုကို ကဒီအတိုင်း အသိမိတ်​ဆွေ​တွေ​​ပြန်​တွေ့ကြလို့နှုတ်ဆက်တဲ့ပုံမဟုတ်ဘဲ ချစ်သူ ရည်းစား​တွေ နှစ်အကြာကြီးခွဲခွာရာကပြန်​တွေ့ကြသလိုမျိုးဘဲ Hyung ​ပြောဖူးတဲ့ ရည်စားဆိုတာ Renjun ဖြစ်​​နေခဲ့တာလား ငါထင်သလိုမဖြစ်ပါ​စေနဲ့ ဆု​တောင်း​နေတုန်း ကိုကိုက Hyung နဲ့နမ်း​နေတဲ့မြင်ကွင်းကကျွန်​တော့်ရင်ကိုဓါးနဲ့ထိုး​နေသလိုမျိုး နှလုံးသားတစ်ခုလုံး​ကြေမွဖျက်ဆီးခံလိုက်ရသလိုခံစားချက်ကြီးလွှမ်းမိုးလာခဲ့တယ် ကျွန်​တော့်ဆု​တောင်း​တွေမပြည့်ဘူးထင်ပါရဲ့

NEO LOVEWhere stories live. Discover now