သတိလည်းရလာတော့ အရှိုန်နဲ့လဲကျသွားလို့လားမသိ ကိုယ်တွေလက်တွေအရမ်းနာနေတယ်၊ သူတောင်ဒီလောက်နာနေတာဆိုတော့ ဟုတ်သားဘဲ Jaemin ရော ...
"Hyung သတိရလာပြီလား ခနနော် ဆရာဝန်သွားခေါ်ပေးမယ်"
" "
"Jeno ကသက်သာသွားပါပြီ နောက် ၂ ရက်လောက်နေရင်ဆေးရုံကဆင်းလို့ရပါပြီ"
"nae doctor"
ဆရာဝန်လည်းပြန်သွားတော့...
"Jeno Hyung ကျွန်တော်ဘယ်သူလဲမှတ်မိတယ်မလား"
" "
Jeno Hyung ကကျွန်တော်မေးတာကိုဘာမှပြန်မပြောဘဲ လက်မှာသွင်းထားတဲ့ဆေးပိုက်တွေကိုဆွဲဖြုတ်နေတယ်
"Hyung ဘာလုပ်နေတာလဲ ဆေးရုံဆင်းလို့မရသေးဘူးလေ"
"Jaemin ရောသူသတိရလာပြီလား သူ့ကိုသွားကြည့်ရမယ်"
"Jaemin Hyung ကတော့အခုထိသတိမရသေးဘူး Hyung သွားမကြည့်လည်းရတယ် သူ့ဘေးမှာ Renjun Hyung ရှိတယ်"
"ဒါပေမယ့် Jaemin အခုလိုဖြစ်သွားရတာငါ့ကြောင့်လေ အဲ့တာကြောင့်ငါ့ကိုလိုက်ပို့ပါနော်"
Hyung ကအတင်းတောင်းဆိုနေတော့ ဆရာဝန်ကိုခွင့်တောင်းပြီး အရေးပေါ်ခန်းဆီခေါ်သွားပေးလိုက်တယ် Jaemin Hyung အခြေနေကစိုးရိမ်ရတဲ့အတွက်ကြောင့် ဆရာဝန်တွေက သီးသန့်အခန်းကိုပေးမပြောင်းသေးဘူး
"Renjun"
ကျွန်တော်လည်းအခန်းရှေ့ရောက်သွားတော့ Renjun က Jaemin လက်လေးတွေကိုဆုပ်ကိုင်ပြီး ဆုတောင်းပေးနေတယ် ကျွန်တော်လည်းသူ့ကိုခေါ်လိုက်တော့ ခနလှည့်ကြည့်လိုက်တယ်။ မျက်နှာလေးတောင်တော်"ချောင်ကျသွားတယ် ကြည့်ရတာဘာမှလည်းစားမယ့်ပုံမပေါ် တော်"လည်းငိုထားပုံရတယ် မျက်လုံးတွေလည်းဖောင်းအစ်နေတော့တာဘဲ။ ကျွန်တော်လည်း အထဲဝင်သွားတော့ Renjun ကအသာရှောင်ပေးတယ်။
Jaemin ကိုသေချာတောင်မကြည့်ရက်ဘူး တစ်ကိုယ်လုံးမှာဆေးပိုက်တွေ ပတ်တီးတွေနဲ့ ဒါပထမဆုံးအကြိမ်သူ Jaemin ကိုသနားမိတာလို့ပြောရမလား၊ သူအရင်တုန်းက Jaemin ကိုဘာတွေအမြင်ကပ်နေမိလဲမသိပေမယ့် သေချာကြည့်တော့မှတကယ်အပြစ်ကင်းစင်တဲ့တစ်ယောက်လို သူအရင်တုန်းကလုပ်ရပ်တွေအတွက် မှားသွားခဲ့ပြီလား ?
ESTÁS LEYENDO
NEO LOVE
Fanficအဖေတူအမေကွဲညီအစ်ကို ၂ ယောက်ဖြစ်တဲ့ Jeno နဲ့ Jaemin ကြားမှာ Renjun တစ်ယောက်ကြားဝင်လာတဲ့အခါ. . . NEO LOVE 💚