Renjun တောင် Jaemin နဲ့တွဲတော့မှာမလား၊ သူလည်းသူ့ခံစားချက်တွေကို Haechan ကိုဝန်ခံလိုက်တော့မယ်။ သူကိုယ်သူမသိမိလိုက်ခင်မှာ Haechan ကိုကြိုက်နေပြီဆိုတာပါဘဲ
Renjun ကညနေ Jaemin နဲ့ချိန်းထားတာကြောင့် သူလည်းအားသွားပြီဆိုတော့ Haechan ကိုဒီညနေချိန်းလိုက်မယ်
"Haechan na ဒီညနေငါတို့တွေ့လို့အဆင်ပြေမလား"
Hyung ရယ်ကျွန်တော့ကိုခေါ်ပြီးတော့ ဘာမြင်ကွင်းတွေထပ်ပြဦးမလို့လဲ၊ ကျွန်တော့်ရင်တွေလည်း ကွဲနေပါပြီ
"အင်း အားပါတယ် Hyung"
အမှတ်မရှိတဲ့ ကျွန်တော့်နှလုံးသားလေးကလည်း Hyung ကိုဘဲယုံကြည်နေချင်မိတယ်
"မင်းနေမကောင်းဘူးလား အသံကသိပ်အားမရှိသလိုဘဲ"
"မဟုတ်ပါဘူး ကျွန်တော်နေကောင်းပါတယ် Hyung"
ရင်ထဲကဘဲမကောင်းတာပါ Hyung ရယ်
"သေချာရဲ့လား အဲ့ဒါဆိုညနေငါတို့တွေ့နေကျဆိုင်"
Marku စကားတောင်မဆုံးသေး
"ကျွန်တော်အဲ့ဆိုင်မှာထက်မတွေ့ချင်တော့ဘူး တစ်ခြားဆိုင်မရဘူးလား Hyung"
"ဟင် ဘာလို့လဲ"
"ဒီအတိုင်းဘဲ မကြိုက်တော့လို့"
အဲ့ဆိုင်ဆိုတာနဲ့ Hyung နဲ့ Hyung ချစ်သူဖက်နေတာဘဲမြင်ယောင်လာပြီး ကျွန်တော့်ရင်တွေအရမ်းနာကျင်ရလို့ပါ
"အဲ့တာဆို မင်းအဆင်ပြေမယ့်ဆိုင်ရွေးထားလိုက်လေ"
"nae Hyung"
. . . . . . . . . .
. . . . . . . . . .Jaemin နောက်ကျလို့စိတ်ဆိုးနေတာအမှန်ဆိုပေမယ့် ဒီလောက်ချစ်ဖို့ကောင်းနေတော့လည်း ဆိုးချင်တဲ့စိတ်ဘယ်ရောက်သွားလဲမသိဘူး လို့တွေးနေတုန်းမှာဘဲ
"ကိုကို မေးစရာရှိတယ်ဆို"
Jaemin ကိုမေးရမှာ မေ့တောင်မေ့သွားပြီ
"အော်အင်း မင်းကမူးပြီးနောက်နေ့မနက်ကျရင် ဘာမှမမှတ်မိတော့တာလား"
YOU ARE READING
NEO LOVE
Fanfictionအဖေတူအမေကွဲညီအစ်ကို ၂ ယောက်ဖြစ်တဲ့ Jeno နဲ့ Jaemin ကြားမှာ Renjun တစ်ယောက်ကြားဝင်လာတဲ့အခါ. . . NEO LOVE 💚