တီးတောင် တီးတောင်
"ဘယ်သူလဲ"
ဒီအချိန်ကြီးဘယ်သူပါလိမ့်
အိပ်ချင်မူးတူးနဲ့ဒီအတိုင်းတံခါးဖွင့်ပေးမိလိုက်တော့ သူအပေါ်ကိုညွတ်ကျလာတဲ့ ကိုယ်တစ်စုံ ရင်းနီးနေတဲ့ခံစားချက်မျိုးရတာကြောင့်သူတွန်းမထုတ်မိဘဲအဲ့လူကိုပြန်ဖက်တွယ်လိုက်တယ် ပြီးတော့မှ"ဟင် Jaemin na အချိန်ကြီးဘာလာလုပ်တာလဲ အရက်တွေလည်းသောက်ထားတာလား မွှန်နေတာဘဲ မိုးရေတွေလည်းစိုလို့ပါလား"
"ကိုကို"
ကိုယ်ကသာစိတ်ပူပြီးတရစပ်ပြောနေပေမယ့် သူကတော့ 'ကိုကို' လို့ဘဲခေါ်ပြီးတော့ လူကိုတင်းကြပ်နေအောင်ဖက်ထားတယ်
"Jaemin na လွှတ်ပါဦး အသက်ရူကြပ်နေပြီ"
"ခဏလေး ၅ မိနစ်လောက် မဟုတ်ဘူး ၃ မိနစ် မဟုတ်ဘူး"
ပြောနေရင်းမူးပြီးအိပ်ပျော်သွားတဲ့ပုံပါဘဲ အခုထိအိမ်ထဲမဝင်ဘဲအဝကြီးမှာဆိုတော့ ကိုယ့်မှာသူ့ကိုတွဲပြီးခေါ်လာလိုက်ရတယ် အခန်းထဲထိတွဲခေါ်ဖို့ကမနိုင်တော့တာကြောင့်ဧည့်ခန်းကဆိုဖာပေါ်ဘဲတင်လိုက်တော့တယ်
ခြေအိတ်တွေဘာတွေသေချာချွတ်ပေးပြီးမှပြန်စဥ်းစားကြည့်မိလိုက်တော့
'နေပါဦးငါကဘာလို့ သူ့ကိုဒီလောက်ထိလိုက်လုပ်ပေးနေရတာလဲ'အမူးပြေရန်သောက်ဖို့ ရေခဲသေတာကနေအအေးတစ်ခုခုသွားယူပြီးပြန်လာတော့ နိုးနေပြီဖြစ်တဲ့ Jaemin
"Jaemin na အမူးပြေသွားပြီလား"
"အင်း အရမ်းကြီးတော့မပြေသေးဘူး"
"အဲ့ဒါဆို ဒါလေးသောက်လိုက်ပါလား"
ဆိုပြီးပေးလိုက်တော့ လှမ်းမယူဘဲသူ့အနားကိုတစ်ဖြည်းဖြည်းတိုးကပ်လာတဲ့သူ
သူလည်းမတွန်းထုတ်မိပါဘဲကြောင်ပြီးကြည့်နေမိတယ်အဲ့ကလေးကတိုးလာရင်းကနေသူ့နှုတ်ခမ်းနားလည်းရောက်တော့ သူတောင်မသိလိုက်ဘဲမျက်လွှာချထားမိလိုက်တယ်
ထိကပ်သွားတဲ့နှုတ်ခမ်း ၂ စုံ နောက်မှာတော့ alcohol ပါဝင်နေပေမယ့်လည်း နူးညံတဲ့အရသာမျိုးပေးစွမ်းနိုင်တယ် ပြန်တော့မတုန့်ပြန်မိပေမယ့် အဲ့ကလေးအနမ်းကိုစွဲမက်သွားတယ်ပြောရမလား နည်းနည်းကြာတဲ့နောက်မှာတော့အသိစိတ်ပြန်ဝင်လာပြီးတွန်းထုတ်မိလိုက်တယ်
YOU ARE READING
NEO LOVE
Fanfictionအဖေတူအမေကွဲညီအစ်ကို ၂ ယောက်ဖြစ်တဲ့ Jeno နဲ့ Jaemin ကြားမှာ Renjun တစ်ယောက်ကြားဝင်လာတဲ့အခါ. . . NEO LOVE 💚