ကျွန်တော် Mark hyung ပြောတဲ့ဆိုင်ရောက်ပြီးအထဲဝင်လိုက်တဲ့အချိန်မှာ ဟိုနေ့က Mark hyung ကို Babe လို့လှမ်းခေါ်ခဲ့တဲ့ hyung ကလူတစ်ယောက်ကိုရင်ခွင်ထဲထည့်ပြီးနှစ်သိမ့်နေတယ် အဲ့လူကဆိုင်ဝင်ပေါက်ကိုနောက်ကျောပေးထိုင်ထားပေမယ့်လို့ Mark hyung ဆိုတာကျွန်တော်သေချာပေါက်သိတာပေါ့။
"ဧည့်သည့် လူဘယ်နှစ်ယောက်ပါလဲ နေရာလေးစီစဥ်ပေးမလို့ပါ"
ကျွန်တော်ရပ်ကြည့်နေတုန်းမှာဘဲ ဆိုင်ကဝန်ထမ်းရောက်လာတယ်
"အော်ဟို ကျွန်တော်နောက်မှဘဲပြန်လာခဲ့ပါမယ် ကျေးဇူးပါ"
ဆိုင်ထဲကနေအမြန်ပြေးထွက်လာခဲ့လိုက်တယ်၊ hyung ရယ်အဲ့မြင်ကွင်းပြဖို့တမင်ခေါ်လိုက်တယ်တောင်ထင်ရတယ်။ ကျွန်တော်အခုတော်တော်ခံစားနေရတယ် hyung မသိပေမယ့်လို့ပေါ့
အဲ့အချိန်မှာ Hyung ကဖုန်းဆက်လာတယ်
မျက်ရည်တွေသုတ်ပြီးအမြန်ကိုင်လိုက်ရတယ်"Hyung ကျွန်တော်အလုပ်တစ်ခုပေါ်လာလို့"
" "
"ကျွန်တော့်ကိုမစောင့်ဘဲစားနှင့်တော့နော် ဒီနေ့တော့မလာနိုင်တော့ဘူး hyung"
. . . . . . . . . .
. . . . . . . . . .နွေးထွေးတယ်။ ဒီနေရာလေးက အရင်တုန်းကလိုဘဲ လုံခြုံတယ်လို့ခံစားရတုန်းဘဲ၊ ဒါပေမယ့်ဒီနေရာမှာ သူနေသင့်မနေသင့်တော့ သေချာစဥ်းစားဖို့လိုပြီထင်တယ်။
သူလည်းဒီလိုလေးဆက်နေချင်သေးပေမယ့် အခြေနေအမျိုးမျိုးကြောင့် သူ့ဘက်ကစပြီး hyung ကိုဖက်ထားရာကခွာလိုက်တယ်
"ကျေးဇူးပါ hyung"
"ဘာကိုလဲ Babe"
"အရာရာအားလုံးအတွက်
hyung ပြောတာတွေလည်းယုံပါတယ် ဒါမယ့်ကျွန်တော်တို့သေချာပြန်စဥ်းစားဖို့လိုမယ်ထင်တယ်""Babe လည်းကိုယ့်ကိုအခုထိချစ်နေတုန်းဘဲမလား အဲ့တာဆိုဘာတွေစဥ်းစားဖို့လိုဦးမှာလဲ"
"ကျွန်တော့စိတ်ကို ကျွန်တော်လည်းသေချာမသိတော့ပါဘူး ကျွန်တော့ကိုအချိန်ခဏပေးပါ"
YOU ARE READING
NEO LOVE
Fanfictionအဖေတူအမေကွဲညီအစ်ကို ၂ ယောက်ဖြစ်တဲ့ Jeno နဲ့ Jaemin ကြားမှာ Renjun တစ်ယောက်ကြားဝင်လာတဲ့အခါ. . . NEO LOVE 💚