အပိုင်း ၁၅၁

2.4K 223 3
                                    

- ရှင်ဘာလို့ တအားအားနေရတာလဲ

သူ စိတ်လှုပ်ရှားနေသော ထန်လော့်ကို ကြည့်ပြီး မော့ပေါနန် စိတ်ပျက်တာကို မျိုသိပ်လိုက်သည်။ "ကောင်းပြီ အရင်ပြန်ရအောင် နောက်တောင်ကျနေပြီ"

ထို့နောက် ကားတံခါးကို ဖွင့်လိုက်သည်။

သူ့ကို အေးစက်သောအကြည့်က စိုက်ကြည့်နေတာကြောင့် ထန်လော် နည်းနည်းကျုံ့သွားပြီး ကားထဲကို နာခံစွာဖြင့်ဝင်လိုက်သည်။

မထွက်သွားခင် ထန်လော် အခြားသူတွေကို လက်ယမ်းပြလိုက်သည်။

"အဲ့တာဆို ငါတို့ အရင်ပြန်တော့မယ် နောက်ကျမှတွေ့ကြတာပေါ့"

"အမ်း"

သူတို့ သူ့ကို လက်ပြန်ယမ်းပြလိုက်ပြီး အရှူရာက ဟောင်ကာ ဟန်နီက မြောင်လိုက်သည်။

"သွားရအောင်" မော့ပေါနန် အမိန့်ပေးလိုက်ပြီး ကားက ချက်ချင်းထွက်သွားတော့သည်။

သူပျောက်ကွယ်သွားသော ကားကို ကြည့်ပြီး ချောင်ရန်ကျွယ် သူ့မျက်စိထဲ ရှုပ်ထွေးသော အကြည့်တို့ရှိနေသည်။

သူ ထိုကိစ္စကနေ ဉာဏ်အလင်းပွင့်သွားသည်။

ဘေးကနေ ကားငှားနေဆဲဖြစ်သည့် ရှရှီပေကို ကြည့်ပြီး သူ ခေါင်းစကိုက်လာတော့သည်။

"တော်ပြီ ကိုယ် မင်းကို လိုက်ပို့ပေးမယ်"

"မလိုဘူး" ရှရှီပေ ခေါင်းရမ်းလိုက်သည်။ "ကျွန်မ တက္ကစီငှားလို့ ရတော့မယ်"

"ဒါဆို မင်း ကားစောင့်နေရင်း သူတို့ကိုပါ အဖော်စောင့်ခိုင်းချင်လို့လား?" ချောင်ရန်ကျွယ် နေရာက လူနှစ်ယောက်ကို လက်ညှိုးထိုးပြောလိုက်သည်။

"မြောင့်!"

"ဝုဖ်!"

ဟန်နိီနှင့် အရှူရာတို့က စောင့်ပေးချင်တာကို ချက်ချင်း အော်လိုက်သည်။ သူတို့ ရှရှီပေနှင့် အချိန်များများပိုကုန်ချင်ကြတယ်!

"ကျွန်တော်ထင်တာကတော့...." ရန်ကျွင်းချန် နည်းနည်းကျုံ့သွားကာ ပိပိရိရိပြောလိုက်သည်။  "ကိုကြီးချောင်ကို....ပြန်ပို့ခိုင်းရင်ရော ဘယ်လိုလဲ?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now