အပိုင်း ၉၃

3.2K 365 5
                                    

Unicode

-သက်သေရှာတွေ့ပြီ

ရှရှီပေ လက်ကောက်ကို ပြန်ယူဖို့ ကြိုးစားလိုက်တယ်။ "ဒါ ငါ့လက်ကောက်!"

ထောင်ယွယ်ယင်း နောက်တွန့်သွားပြီး သူမ လက်ကို ရှောင်လိုက်ကာ ကြမ်းကြုတ်ပြီး ရန်လိုနေတဲ့ပုံပေါ်နေတယ်။

"နင့် လက်ကောက်? နင် သေချာပေါက် ငါ့လက်ကောက်ကို ခိုးထားတာကိုများ!"

ထောင်ယွယ်ယင်း သက်သေရှာတွေ့တာကို ဘယ်လိုလုပ် ဝမ်းမမြောက်နိုင်မှာလဲ?

ရှရှီပေနဲ့ ဆွေးနွေးဖို့ သူတို့အတွက် အချိန်အတော်ကြာသွားပြီး အခြေအနေတွေကိုလည်း သဘောတူခဲ့ရသေးတယ်။ အခု သူမ နောက်ဆုံးတော့ ရှရှီပေကို လက်ပူးလက်ကြပ်မိနေပြီလေ။ သူမကတော့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ သူမအနားရပ်နေရပြီ‌ဘဲ။

"ဒါက သေချာပေါက်ကြီးကို ငါ့လက်ကောက်!" ထောင်ယွယ်ယင်း သူမရင်ထဲက ဝမ်းသာပီတိတွေက ဒုန်းဆိုင်းခုန်ပေါက်နေတာကြောင့် သူမကိုယ်သူမ ထိန်းမနိုင်သိမ်းမရလုနီးပါး ဖြစ်သွားတယ်။ " နင်ဘာလို့ မခိုးဘူးလို့ ပြောရဲရတာလဲ! နင် မခိုးရင် ဒါက ဘယ်လိုလုပ် နင့်အိတ်ထဲ ရောက်နေရတာလဲ?"

အကုန်လုံးလည်း ရှရှီပေကို မနှစ်သက်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။

ခု‌နလေးကဘဲ ရှီရှရယ်ရဲ့ ဆက်တိုက်ငြင်းနေတာက သူတို့အများစုကို သူမရဲ့ အပြစ်ကင်းမှုကို ယုံသွားစေတယ်။

ဒါပေမယ့် သူမကို အရှက်ကြီးကြီးရစေမယ့် မငြင်းနိုင်တဲ့ သက်သေကို ရှာတွေ့နေပြီလေ။

"ဆရာ!"

လျိုကျီကျင်း ဂုဏ်ယူစွာ မတ်တပ်ရပ်လိုက်တယ်။ "သမီးတို့ သက်သေရှာတွေ့ပြီမဟုတ်လား? သူမက တကယ်ခိုးခဲ့တာဘဲလေ!"

"သမီး မခိုးဘူး!" ရှရှီပေ အောလိုက်တယ်။ "ဒါက သူမ လက်ကောက်မဟုတ်ဘူး သမီးဘာသာသမီး ဝယ်ထားတာ!"

ထောင်ယွယ်ယင်း လှောင်လိုက်တယ်။ "ဟုတ်တယ် နင့် လက်ကောက် ဒီလက်ကောက်က တစ်သောင်းတန်တယ် နင် ဒါကို ဝယ်ဖို့ ဘယ်ကနေ ပိုက်ဆံကို ရမှာလဲ?"

ရက်စက်သောနတ်ဘုရားမDonde viven las historias. Descúbrelo ahora