အပိုင်း ၁၃၃

2.8K 293 1
                                    

Unicode

- ပထမဆုံးအကြိမ် ကင်မရာပေါ်

ရှရှီပေ သူမရုပ်ကို ဗီဒီယိုထဲတွင် မြင်လိုက်ရ၍ စိတ်ရှုပ်နေသည်။

ဒါက ဒီဘဝမှာ သူမကိုယ်သူမ ကင်မရာပေါ်မှာ မြင်ရသည့် ပထမဆုံးအကြိမ်မဟုတ်လား?

ဒီဟာက ညနေက တင်လိုက်သည့် ဗီဒီယိုပေမယ့် အခု ပေါ်ပြူလာဖြစ်နေပြီ။

သူမ ကြည့်ရှုနှုန်းကို ကြည့်လိုက်သည်။ အခုဆို ကြည့်ရှုသူ ‌၄၀၀၀၀ဝ နှင့်အတူ လိုက်ခ်များစွာ၊ shares များစွာနှင့် comment များစွာရှိနေပြီဖြစ်သည်။

"အလှလေးနှင့် စောက်ရမ်းချစ်စရာကောင်းတဲ့ကစ်တီလေး ငါကတော့ ချစ်စရာကောင်းမှုတွေနဲ့ အရည်ပျော်ကျနေပြီ!"

သူမ ဗီဒီယိုကို နှိပ်လိုက်တော့ ရှရှီပေနှင့် ဟန်နီက စခရင်ပေါ်တွင် အတူတကွပေါ်လာသည်။

ဗီဒီယိုက မနက်စောစောတုန်းက ရှရှီပေနှင့် ဟန်နီ၏ ကြားက ဆက်ဆံမှုတွေကို ရိုက်ထားပြီး ဟန်နီ အရုပ်ကောက်စက်ထဲဝင်သွားသည့်ပုံကိုပါ ပြထားသည်။

အဆုံးသတ်က ဟန်နီ၏ ရှရှီပေကို မခွဲချင်ဖြစ်နေသော ပုံဖြင့် အဆုံးသတ်ထားသည်။

Comment နေရာက ပေါက်ကွဲထွက်နေပြီ။

"စောက်ရမ်းချစ်စရာကောင်းတာဘဲ! အဲ့လိုချစ်စရာကောင်းတဲ့ ကြောင်လေးက ရှိတယ်ပေါ့?! ငါတော့ ချစ်စရာကောင်းလွန်းလို့ အ‌ရည်ပျော်ကျတော့မယ်!"

"ဘုရားရေ! အဲ့ကြောင်က လူပုံသွင်းခံထားရတာလား? အထဲက ဝင်ပြီး အရုပ်ဘယ်‌လို့ကောက်ရမလဲဆိုတာတောင် သိနေတာလား?!"

"ကြောင်သခင်ကလည်း အရမ်းချောတာဘဲ! အမိုက်စားလေး ရှင် ရှင့်ရဲ့ ချစ်သူကို ဒီမှာ ကျခဲ့ပြီ ရှင်ဘယ်တော့ သူမကို လာခေါ်မှာလဲ?"

"ကြောင်လေးက ချစ်စရာကောင်းလိုက်တာ ငါ ကြောင်လေးနဲ့ တိုးဖက်ပြီး အိပ်ချင်လိုက်တာ!"

"နင်တို့မမြင်ဘူးလား? ကောင်မလေးက အလှလေး ပြီးတော့ အဲ့ရုပ်ကလည်း သူမ မျက်နှာပြောင်ကြီးဘဲ!"

"ကောင်မလေးက ဆယ်လီလား? သူမက ကြည့်ကောင်းပြီး ပိန်သွယ်နေတာဘဲ! မတရားလိုက်တာ!"

ရက်စက်သောနတ်ဘုရားမOnde histórias criam vida. Descubra agora