Part (10)

675 30 0
                                    

Unicode

မသိသည့်သူများနှင့် လိုတာထက်ပိုပြီး စကားမပြောတတ်ပေမယ့် ဒီနှစ်ခါမျှသာ တွေ့ခဲ့သော ကောင်လေးကို အဘယ်ကြောင့် မွေးနေ့ဆုတောင်းဖြစ်သွားလဲဆိုသည်ကို ခက်ရောင်ခြည်တစ်ယောက် မိမိကိုယ်တိုင်တောင် နားမလည်တော့ချေ ။ သူ၏တာဝန်တစ်ခုဖြစ်သည့် စျေးကြီးသည့် နာရီကို ပိုင်ရှင်လက်ထဲ ပြန်အပ်ပြီးပြီဖြစ်သောကြောင့် တာဝန်တစ်ခုလျှော့ပေါ့သွားလေသည် ။ ဒီ နာရီကို သူတွေ့လို့သာပေါ့ ။ သို့မဟုတ်ပဲ မိနန်းတို့ အဖွဲ့ဆီသို့သာ ရောက်သွားခဲ့လျှင် ပြန်ရဖို့ လမ်းမမြင်တော့ချေ ။

ခက်ရောင်ခြည်လည်း လုပ်စရာအလုပ်မှာပြီးလေပြီဖြစ်သောကြောင့် အိမ်သို့ပြန်လာခဲ့ရာ အိမ်ဝိုင်း၏ကွပ်ပျစ်ပေါ်တွင် မိနန်းနှင့်သူကြီးကတော်က ထိုင်နေလေကာ တစ်ဖက်က ခုံတန်းရှည်ပေါ်တွင်လည်း သူကြီးက ထိုင်နေလေသည် ။

အခြေအနေအလုံးစုံကို နားမလည်သည့် ခက်ရောင်ခြည်က မိနန်းတို့ထိုင်နေသည်ကိုတောင်ဂရုမစိုက်အားဘဲ သူကြီးရှိရာသို့ တန်းတန်းမတ်မတ်သာ သွားပြီး

'' အဘ ဘာဖြစ်လို့လဲ ။ အားလုံးက စုပြုံကာ ထိုင်နေတော့ တစ်ခုခုများဖြစ်လို့လား ''

ခက်ရောင်ခြည်၏အမေးကိုသူကြီးကပြန်လည်ကာဖြေမည်အလုပ် သူကြီး၏ စကားတစ်စိုးတစ်စမျှ မထွက်သေးခင် သူကြီးကတော် ဒေါ်ခင်မေက အလယ်ကနေ ဝင်လာလေပြီး

'' ကျုပ်တို့က မိသားစုတွေလေ ဒီလိုစုထိုင်တော့ ဘာဖြစ်သွားသလဲ ။ ဘာလဲ တော် နဲ့ တော့် အဘပဲ ဒီလိုစုကာ ထိုင်လို့ရတာလား ''

ခက်ရောင်ခြည်၏ ဆိုလိုရင်း အဒိပ္ပါယ်ဟာ ဒီလို မဟုတ်မှန်း အိမ်ဝိုင်းတွေ ထိုင်နေသူအားလုံးဟာ သိပါလေသည် ။ သို့ပေသော်လည်း လျှပ်တပြတ်ဆန်သော ဒေါ်ခင်မေ၏ စကားကြောင့် သူကြီးတောင် မည်သည်မျှ တားခွင့်မရှိတော့ချေ ။ မိနန်းကတော့ မိခင်ဖြစ်သူ ပြောလိုက်သည့် စကားအပေါ်သာ ခိုးကာရယ်နေတော့သည် ။

ခက်ရောင်ခြည်မှာတော့ သူ၏ ရှည်လွန်းလှသော ပါးစပ်ကိုပင် ဖြတ်ရိုက်ချင်စိတ်ပေါက်သွားပေတော့သည် ။ သူဟာ မွေးစားသား တစ်ယောက်ဖြစ်သည့်အပေါ် ဒီလိုမျိုး မေးပိုင်ခွင့်မှမရှိလေဘဲ ။ သူကြီးကတော်၏ စကားကို ကြားပြီးသည့် အခါမှာတော့ ခက်ရောင်ခြည်တစ်ယောက် အတော်နာကျင်လို့သွားလေသည် ။ သို့သော် ဤနာကျင်မှုကို အမူအရာနှင့်သော် လည်းကောင်း စကားဖြင့်သော် လည်းကောင်း ဖော်ပြခြင်းမပြုခဲ့ချေ ။ ဒီ့ထက်ပိုကာ အပြုံးမမည်သော အပြုံးပန်းတစ်ခု ပန်ဆင်လိုက်လေပြီး ခပ်ဖွဖွ ရယ်ကာ

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now