Unicode
ရိပေါ်သည် တစ်နေ့တွင် ထူးဆန်းတဲ့အိပ်မက်တစ်ခုနဲ့အတူနိုးထလာသည်။ ထိုနေ့မှစ၍ ရိပေါ်ရဲ့ပုံမှန်ဘဝကြီးဟာလုံးဝကိုလစ်ဟာနေသလိုအမြဲတမ်းခံစားခဲ့ရ၏။ အချိန်တိုင်းတစ်စုံတစ်ခုကို နှလုံးကွဲကြေမတတ်လွမ်းဆွတ်တမ်းတနေမိတာမျိုး၊ ဒါမှမဟုတ်တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေသည်နှင့်တူသည့် ခံစားချက်မျိုးပင်။
သူ့ရဲ့ပတ်ဝန်းကျင်က ထူးဆန်းနေတာကိုသူစတင်သတိထားမိလာသည်။ သူ့ကိုတစ်ခုခုပြောဖို့ရန် ကြိုးစားနေသူတွေအားလုံးက နောက်နေ့တွေမှာ လုံးဝပျောက်ကွယ်သွားပြီး ထိုသူတွေ၏ဖြစ်တည်မှုကို လူတိုင်းကမေ့လျော့သွားကြသည်အား မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည်။
သူတစ်စုံတစ်ခုကို မေ့နေသလိုခံစားရသည်။ သူ့ဘဝထက်အရေးကြီးဆုံးသော"အရာ" ။သူအသက်ထက်ပင်တန်ဖိုးအကြီးဆုံးသော"အရာ" ။သူတန်ဖိုးအထားရဆုံးသော"အရာ" ။ထို"အရာ"က ဘာမှန်းမသိပေမယ့် ထို"အရာ" ကိုသာမသိရရင် သူရူးသွားတော့မလိုတောင်ခံစားရ၏။
ရုတ်တရတ်ဆိုသလို မထင်မှတ်ထားစွာပင် သူ့ရဲ့လစ်ဟာနေသည့်ဘဝကြီးထဲသို့ ဝိဥာဥ်ငယ်လေးတစ်ကောင်ဝင်ရောက်လာသည်။ လူသားတွေကပျောက်ဆုံးနေသည့်"အရာ"အကြောင်းပြောပြဖို့မဖြစ်နိုင်ပေမယ့် ဝိဥာဥ်တွေကတော့ပြောပြနိုင်သည်။
ထိုဝိဥာဥ်လေးနှင့်ရိပေါ်ဟာ သူ့ရဲ့ပျောက်ဆုံးနေသည့်"အရာ"အား အတူတကွလိုက်လံရှာဖွေလာခဲ့ကြသည်။
ထို"အရာ"။
မင်းကဘယ်သူလဲ????
_________________________________________________________
Zawgyi
ရိေပၚသည္ တစ္ေန႕တြင္ ထူးဆန္းတဲ့အိပ္မက္တစ္ခုနဲ႕အတူနိုးထလာသည္။ ထိုေန႕မွစ၍ ရိေပၚရဲ႕ပုံမွန္ဘဝႀကီးဟာလုံးဝကိုလစ္ဟာေနသလိုအၿမဲတမ္းခံစားခဲ့ရ၏။ အခ်ိန္တိုင္းတစ္စုံတစ္ခုကို ႏွလုံးကြဲေၾကမတတ္လြမ္းဆြတ္တမ္းတေနမိတာမ်ိဳး၊ ဒါမွမဟုတ္တစ္စုံတစ္ေယာက္ကိုေစာင့္ဆိုင္းေနသည္ႏွင့္တူသည့္ ခံစားခ်က္မ်ိဳးပင္။
သူ႕ရဲ႕ပတ္ဝန္းက်င္က ထူးဆန္းေနတာကိုသူစတင္သတိထားမိလာသည္။ သူ႕ကိုတစ္ခုခုေျပာဖို႔ရန္ ႀကိဳးစားေနသူေတြအားလုံးက ေနာက္ေန႕ေတြမွာ လုံးဝေပ်ာက္ကြယ္သြားၿပီး ထိုသူေတြ၏ျဖစ္တည္မႈကို လူတိုင္းကေမ့ေလ်ာ့သြားၾကသည္အား မ်က္ျမင္ကိုယ္ေတြ႕ႀကဳံလိုက္ရသည္။
သူတစ္စုံတစ္ခုကို ေမ့ေနသလိုခံစားရသည္။ သူ႕ဘဝထက္အေရးႀကီးဆုံးေသာ"အရာ" ။သူအသက္ထက္ပင္တန္ဖိုးအႀကီးဆုံးေသာ"အရာ" ။သူတန္ဖိုးအထားရဆုံးေသာ"အရာ" ။ထို"အရာ"က ဘာမွန္းမသိေပမယ့္ ထို"အရာ" ကိုသာမသိရရင္ သူ႐ူးသြားေတာ့မလိုေတာင္ခံစားရ၏။
႐ုတ္တရတ္ဆိုသလို မထင္မွတ္ထားစြာပင္ သူ႕ရဲ႕လစ္ဟာေနသည့္ဘဝႀကီးထဲသို႔ ဝိဥာဥ္ငယ္ေလးတစ္ေကာင္ဝင္ေရာက္လာသည္။ လူသားေတြကေပ်ာက္ဆုံးေနသည့္"အရာ"အေၾကာင္းေျပာျပဖို႔မျဖစ္နိုင္ေပမယ့္ ဝိဥာဥ္ေတြကေတာ့ေျပာျပနိုင္သည္။
ထိုဝိဥာဥ္ေလးႏွင့္ရိေပၚဟာ သူ႕ရဲ႕ေပ်ာက္ဆုံးေနသည့္"အရာ"အား အတူတကြလိုက္လံရွာေဖြလာခဲ့ၾကသည္။
ထို"အရာ"။
မင္းကဘယ္သူလဲ????
_________________________________________________________
YOU ARE READING
Who Are You????
Romanceရိပေါ်ဟာနေ့တိုင်းအိပ်မက်တစ်ခုကိုမက်တယ်..........သူ့အိပ်မက်ထဲမှာကောင်လေးတစ်ယောက်ကအချိန်တိုင်းရှိနေတတ်ပေမယ့်အဲ့ဒီကောင်လေးကဘယ်သူမှန်းသူလုံးဝမသိဘူး....... တစ်နေ့သူ့အနားကိုဝိဉာဉ်လေးတစ်ကောင်ရောက်ရှိလာတယ်.....ထိုဘာမှမသိတဲ့ဝိဉာဉ်လေးကအံ့ဩဖို့ကောင်းစွာပင်သူ့ရ...