*1*

446 55 11
                                    

Unicode

"ဟီး.....ရိပေါ်...ပြုံးပြစမ်းပါဦး..."

လူငယ်လေးဟာ လက်ထဲကဖုန်းကင်မရာကိုသေချာချိန်ညှိလျက် ရိပေါ်ကိုပြုံးခိုင်းသည်။ ရိပေါ်က သူ့ရဲ့လက်ညှိုးနှစ်ဖက်ဖြင့် နှုတ်ခမ်း
ထောင့်စွန်းအား အလိုက်တသိမြှင့်တင်လိုက်သည်။

ရိပေါ်၏ယခုလို ကလေးဆန်ပုံကိုကြည့်ကာထိုလူငယ်လေးက တစ်ခစ်ခစ်ပြီးရယ်၏။

"ရိပေါ်....မင်းသိလား....ငါ ကျိုးချန်ကိုဘောပင်တစ်ချောင်း လက်ဆောင်ပေးလိုက်တာ....သူကငါ့ကိုပြန်မေးတယ်....ဘာလုပ်ရမှာလဲတဲ့...."

"ဘာလို့သူ့ကိုပေးလိုက်တာလဲ...."

ရိပေါ်ကဆူပုတ်နေသည့် မျက်နှာဖြင့်တစ်ဖက်
လူငယ်လေး၏ ဖြူဖွေးသည့်လည်တိုင်သွယ်သွယ်လေးပေါ်သို့ သူ့ခေါင်းကြီးကိုတိုးဝင်လိုက်သည်။

"ရိပေါ်ရာ....ငါဆုံးအောင်ပြောပါရစေအုံး....အဲ့ဒီလိုနဲ့ငါ ရွဲ့ချင်စိတ်ကများလာလို့ မင်းကြိုက်နေတဲ့ကျောင်းရဲ့ queenလေးကပေးလိုက်တာလို့ပြောချလိုက်တယ်....အဲ့ဒီစကားလည်းကြားရော ကျိုးချန်လေ....ဟား...ဟား....သူ အဲ့ဒီ ဘောပင်ကို ကိုးကွယ်တော့မယ့်ပုံစံမျိုးဖြစ်သွားတာ....သွားလေရာ ကိုယ်နဲ့မကွာဆောင်ထားတဲ့အထိပဲ....ဟီး"

လူငယ်လေးကပြောရင်းဆိုရင်းဖြင့်သဘောကျစွာတစ်ဟားဟား အော်ရယ်ပြန်သည်။ ရိပေါ်ကအူတိုနေသည့် မျက်နှာဖြင့် လူငယ်လေး၏ လည်တိုင်ကို ခပ်ဖွဖွတစ်ချက်ကိုက်လိုက်သည်။

"အ့...."

အနည်းငယ်နာကျင်သွားသည့် လူငယ်လေးဟာ ရိပေါ်၏ခေါင်းကိုတွန်းထုတ်လာ၏။ ရိပေါ်က သွားရာအနည်းငယ်ထင်နေသည့် လည်တိုင်လေးကို တစ်ချက်လျက်လိုက်ပြီး နှုတ်ခမ်းဖြင့်ထိတွေ့ပွတ်သပ်ကာ စုပ်ယူလိုက်သည်။

"နောက်တစ်ခါ ကိုယ်မဟုတ်တဲ့ တစ်ခြားသူတွေကို ဘာလက်ဆောင်မှပေးစရာမလိုဘူး.... မင်းရဲ့အရာအားလုံးကိုယ့်အတွက်ပဲဖြစ်ရမယ်....ဟုတ်ပြီလား...."

ရိပေါ်၏အတ္တဆန်သည့်စကားကို လူငယ်လေးကသဘောကျသလိုပြုံးရယ်လာသည်။ အလင်းရောင်တစ်ချက်နဲ့အတူ လူငယ်လေး၏ နှုတ်ခမ်းထောင့်ရှိ မှဲ့နက်လေးတစ်ခုမှာ လက်ကနဲတောက်ပသွားသည်။

Who Are You????Hikayelerin yaşadığı yer. Şimdi keşfedin