*4*

451 68 7
                                    

Unicode

"ရိပေါ်....လက်ထဲက ထမင်းဘူးကြီးနဲ့ ဘာလုပ်မလို့လဲ"

"မင်းအတွက်လေ"

"ငါ့အတွက်??"

လူငယ်လေးက သူ့ကိုယ်သူလက်ညှိုးထိုးပြသည်။

"အင်း......ဒီကိုလာ"

ရိပေါ်ကခုံတန်းတစ်ခုပေါ်မှာ ထိုင်လျက်ပင်လူငယ်လေးကို အနားလာဖို့ရန်ခေါ်သည်။ လူငယ်လေးကရိပေါ်ဘေးမှာဝင်ကပ်ထိုင်လိုက်ရင်း နေ့လည်စာဘူးကိုင်ထားသည့် ရိပေါ်၏ လက်နှစ်ဖက်လုံးတွင် ဆီပူလောင်ထားသည့်အရာတွေနှင့် ဓားရှရာမရေမတွက်နိုင်အောင် ရှိနေကြောင်းကိုပါ မြင်တွေ့လိုက်ရသည်။ လူငယ်လေးဟာစိုးရိမ်ပူပန်စွာဖြင့် ရိပေါ်ရဲ့လက်ဖဝါးကြီးကို ဖွဖွလေး ဆွဲယူလိုက်သည်။

"ရိပေါ်...မင်းလက်...."

ရိပေါ်ကလူငယ်လေး၏နှုတ်ခမ်းကို ချက်ချင်းဆွဲယူ နမ်းရှိုက်လိုက်တာကြောင့် လူငယ်လေး၏ စကားသံအလုံးစုံမှာ ချက်ချင်းရပ်တန့်သွားသည်။ ရိပေါ်ကလူငယ်လေးရဲ့ ချိုမြန်လှတဲ့နှုတ်ခမ်းလေးတွေကို ခပ်ဖွဖွစုပ်ယူလိုက်ပြီးလျှာဖျားလေးနဲ့လျက်လိုက်သည်။

"ကိုယ့်ကိုစိတ်မပူပါနဲ့.....ကိုယ်ကမင်းကိုစားစေချင်လို့ တကူးတက ပြင်ဆင်လာခဲ့တာ...."

"ဒါဆိုအခုတလောပျောက်ပျောက်နေတာက ဟင်းချက်သင်နေရလို့ပေါ့လေ..."

လူငယ်လေး၏အမေးစကားကို ရိပေါ်ကတိတ်ဆိတ်နေလိုက်သည်။ တိတ်ဆိတ်ခြင်းကဝန်ခံခြင်းပဲတဲ့။ လူငယ်လေးဟာသက်ပြင်းချလိုက်ရင်း ရိပေါ်၏ဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နှက်နေတဲ့ လက်ဖဝါးတစ်စုံကို သူ့မျက်နှာလေးနဲ့ထိကပ်လိုက်သည်။

"အရမ်းခက်ခဲခဲ့မှာပဲနော်"

ရိပေါ်လိုသခင်လေးအတွက် ဟင်းချက်သင်ဖို့ဘယ်လောက်တောင် ခက်ခဲမှန်းသူသိသည်။ ရိပေါ်ရဲ့မီးဖိုချောင်ထဲက အရည်အချင်းမှာအလွန်ဆိုးဝါးသည်။ တစ်ခါကဆိုလျှင် ရိပေါ်ကြောင့်မီးဖိုချောင်ကြီး ထပေါက်ကွဲသည်အထိကို ဖြစ်ပျက်ခဲ့ဖူး၏။ ကျိုးချန်နဲ့ယွီပင်းဆိုရင် ရိပေါ်ကို မီးဖိုချောင်လူသတ်သမားဟု အမည်ပြောင်ပင် ပေးထားလေသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: May 23, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Who Are You????Donde viven las historias. Descúbrelo ahora