Unicode
"ဟယ်လို....တွေ့ရတာဝမ်းသာပါတယ်...ငါ့နာမည််ကရှောင်ကျန့်ပါ"
ဆွံ့အ နေသည့်ဝမ်ရိပေါ် : "....."
ရိပေါ်ကချက်ချင်းဆိုသလို အလန့်တကြား ငုတ်တုတ်ထထိုင်လိုက်ရာ တစ်ဖက်"လူ"နှင့် ခေါင်းချင်းတိုက်မိသွားပြီး ဒုန်းကနဲအသံကျယ်ကြီးထွက်ပေါ်လာခဲ့လေသည်။
"အား!!...အမေရေ!!...နာတယ်!!!..နာတယ်!!!"
၎င်းက အဖြူရောင်ပြောင်မျက်နှာဖုံးတစ်ခုကို မျက်နှာအပြည့်ဝတ်ဆင်ထားသည့် တစ်စုံတစ်ယောက်ဖြစ်သည်။ တိတိကျကျပြောရရင် ထို'တစ်စုံတစ်ယောက်' က သူ့အပေါ် လေထဲတွင်ပျံဝဲနေပြီး သူ့ခေါင်းသူကိုင်ကာ တအားအားအော်လျက် ခုန်စွခုန်စွဖြစ်နေရှာ၏။ ရိပေါ်ကသူ့ရဲ့အနည်းငယ် နာကျင်သွားသည့်နဖူးကို ထိကိုင်လိုက်ရင်း ဤအဖြစ်အပျက်မှာ အိပ်မက်မဟုတ်ကြောင်းသေချာသွားသည်။
"မင်းကဘယ်သူလဲ!"
ဝမ်ရိပေါ်ကစူးရဲသည့်မျက်ဝန်းများဖြင့်ခုန်စွခုန်စွ 'ရှောင်ကျန့်' ဆိုသူအား သတိထားမေးလိုက်သည်။ သူ့ရဲ့အပြင်ပန်းပုံစံကတည်ငြိမ်နေပေမယ့် တုန်ရီနေသည့် လက်တစ်စုံကသာ သူဘယ်လောက်ထိကြောက်လန့်နေမှန်းသိနိုင်သည်။
ငါ့လခွမ်း!!! ငါလူသတ်ဆိုလဲသတ်ရဲပါတယ်။ ဒါပေမယ့်သရဲတစ်ကောင်နဲ့မျက်နှာချင်းဆိုင်မယ့်အစား တက္ကသိုလ်ဝင်းကို ဗုံးသွားခွဲလိုက်တာကမှ ပိုကောင်းအုံးမယ်။
ရိပေါ်က အနည်းငယ်ဖြူဖျော့ထိတ်လန့်နေသည့် သူ့မျက်နှာကိုမနည်းထိန်းချုပ်လိုက်ရင်း ထိုအဖြူရောင်ဝတ်ရုံကြီးတစ်ကားကားဖြင့် လူမဟုတ်သည့် အရာကြီးကိုသတိထားစောင့်ကြည့်နေလေသည်။ သူအချိန်မရွေးပြေးထွက်သွားနိုင်ဖို့ တံခါးကိုလည်း အကဲခတ်ထားသလို ခြေထောက်နှစ်ချောင်းကိုပါ အဆင်သင့်ပြင်ထားလိုက်၏။
သရဲတွေကကြောက်ပြရင် ပိုခြောက်တတ်တယ်လို့သူကြားဖူးတယ်။ ဒီတော့သူကြောက်လန့်၊ ခြောက်ခြားပြနေလို့မရဘူး။ စိတ်ထိန်း။ စိတ်ထိန်းထားစမ်း ဝမ် ရိ ပေါ်။
"ဝူး....ဝူး....မင်းက အကျင့်မကောင်းတဲ့သူပဲ!!ဝိဥာဥ်တွေကိုထိကိုင်လို့ရတယ်ဆိုတိုင်း ငါ့ကိုနာအောင်လုပ်စရာလိုလို့လား"
STAI LEGGENDO
Who Are You????
Storie d'amoreရိပေါ်ဟာနေ့တိုင်းအိပ်မက်တစ်ခုကိုမက်တယ်..........သူ့အိပ်မက်ထဲမှာကောင်လေးတစ်ယောက်ကအချိန်တိုင်းရှိနေတတ်ပေမယ့်အဲ့ဒီကောင်လေးကဘယ်သူမှန်းသူလုံးဝမသိဘူး....... တစ်နေ့သူ့အနားကိုဝိဉာဉ်လေးတစ်ကောင်ရောက်ရှိလာတယ်.....ထိုဘာမှမသိတဲ့ဝိဉာဉ်လေးကအံ့ဩဖို့ကောင်းစွာပင်သူ့ရ...