*2*

297 48 2
                                    

Unicode

ရိပေါ်ဟာ ဘောပင်တစ်ချောင်းကိုင်ဆောင်လျက်ငူငူငိုင်ငိုင်ကြီးဖြင့် Uniအတွင်းမှလမ်းလျှောက်ကာထွက်ခွာလာသည်။ ယခုအချိန်၌ သူ့ရင်ထဲအတိုင်းအဆမဲ့နာကျင်ဝမ်းနည်းမှုတွေသာပြည့်နှက်နေပြီး သူ့ရဲ့ဘေဘီဆိုင်ကယ်ကိုလည်းလုံးဝမေ့လျော့သွား၏။

သူ့ရင်ထဲတစ်ခုလုံး ဓားထက်ထက်ဖြင့် ထိုးမွှေထားသလိုပြောမပြတတ်နိုင်လောက်အောင်စူးရှ နာကျင်နေပြီးအကြောင်းအရင်းမရှိ မျက်ရည်တွေကျလာသည်။ ရိပေါ်သူ့မျက်နှာထက်က မျက်ရည်တွေကိုလက်ဖြင့်လှမ်းထိတွေ့လိုက်သည်။

မျက်ရည်။သူကမျက်ရည်ကျတယ်တဲ့လား။

အမေဖြစ်သူ သေဆုံးသွားချိန်တုန်းကတောင်မျက်ရည်တစ်စက်မကျခဲ့သည့် ရိပေါ်က ယခုအချိန်၌ အမည်မသိ၊ အကြောင်းအရင်းမသိ၊ အခြေအနေမသိသည့် တစ်စုံတစ်ရာကြောင့်မျက်ရည်ကျနေသည်တဲ့လေ။ မွန်းကြပ်လွန်းတဲ့စိတ်အခြေအနေကြောင့် သူခြေဦးတည့်ရာ လျှောက်သွားနေမိသည်။

ရုတ်တရတ် ရှုံ့တွနေသည့်လက်တစ်ဖက်သည်ရိပေါ်၏ သွယ်လျကြီးမားသည့်လက်ကိုလာရောက်တားဆီးကာ ဆုပ်ကိုင်လာ၏။ ရိပေါ်ဟာ အသက်မပါသည့်မျက်ဝန်းတစ်စုံဖြင့် လက်ပိုင်ရှင် လူအိုကြီးကို ငုံ့ကြည့်လိုက်သည်။ အကြောင်းအရင်းကိုမသိရပါသော်လည်း လူအိုကြီးသူ့ကိုထိတွေ့လိုက်သည့်တစ်ခဏတွင် သူ့တစ်ကိုယ်လုံးအေးစက်လာပြီးကဿ်သီးမွှေးညင်းတွေထောင်ထလာသည်။ သို့ပေမယ့် အသိစိတ်လွတ်လုလု ရိပေါ်ဟာ ၎င်းခြောက်ခြားစရာခံစားမှုကို အာရုံမစိုက်၊ သတိမထားမိလိုက်ချေ။

ညစ်ပတ်ပေရေနေသည့်ခါးကုန်းကုန်း လူအိုကြီးဟာ သူ့ရဲ့ဝါညစ်ညစ်သွားတွေကိုဖြဲပြရင်းပြောသည်။

"လူငယ်လေး.....ဒီနေ့ မင်းဘေးနားကယုန်ဖြူလေးနဲ့တူတဲ့ ကောင်လေးမပါဘူးလား....."

ရိပေါ်၏မျက်ဝန်းနက်နက်တွေမှာလှုပ်ရှားသွားသည်။

"အဘိုးဘာကိုပြောချင်တာလဲ"

ရိပေါ်ရဲ့အသံမှာ တစ်နည်းတစ်ဖုံးကွဲအက်နေသည်။ အဘိုးအိုက ရိပေါ်ကို ကြင်နာစွာထပ်မံပြုံးပြလိုက်ပြီး သူ့ရဲ့ခါးကိုင်းကိုင်းကြီးကိုထိန်း၍ ရိပေါ်အရှေ့မှတုန်တုန်ရီရီဖြင့်ထွက်သွားသည်။ ရိပေါ်ကထိုအဘိုးအိုကို လှမျးဆှဲ၍ခုနကအဓိပ်ပါယျကို ပြန်မေးမြန်းရန် ကြိုးစားလိုက်ချိန်၌ အနီးအနားမှာရှိတဲ့သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဟာ သူ့ကိုတားဆီးလာ၏။

Who Are You????Where stories live. Discover now