Unicode -----
မောင့်သဘော { 1 }
.
.
.
.
.
.
." baby ဒါလေး၀တ်နော် ပါးပါးနဲ့
ဆင်တူလေး "" ဟုတ်ကဲ့ပါးပါး "
" ပါးပါးရဲ့ baby လေးက ချစ်ဖို့ကောင်းလိုက်တာကွာ အာဘွား...မွမွ "
" ခစ်...ခစ်....ခစ် "
အဖေနဲ့သား ဆင်တူအကျီလေး၀တ်ထားသဖြင့် ချစ်ဖို့ကောင်းနေလေသည်
သုံးနှစ်အရွယ်ကလေးလေးနဲ့ နှစ်ဆယ့်တစ်နှစ် အရွယ် ဖခင်တို့မှာ မြင်သူတိုင်းကငေးရလောက်အောင် သားအဖနှစ်ယောက်လုံးက ဆွဲဆောင်မှုရှိလှသည်
တကယ်တော့ မင် နဲ့ baby ကအမြဲဆင်တူ၀တ်နေကြပါ
" Baby လေးရေ လာ ပါးပါးတို့ကျောင်းသွားမယ်....တော်ကြာနောက်ကျလို့
ပါးပါးကိုဆရာမဆူနေဦးမယ် "" ဟုတ်ကဲ့ ပါးပါး baby လာပြီ "
အပြေးလေးထွက်လာသည့် baby လေးကို
Jimin ပွေ့ချီလိုက်ပြီး ကားပေါ်တင်လိုက်သည်ထို့နောက် သူကိုယ်တိုင်မောင်းသူနေရာကို၀င်ထိုင်ကာ baby လေးနဲ့အတူ ကျောင်းကိုလာခဲ့သည်
Jimin , baby လေးနဲ့အတူ ကျောင်းတက်လာခဲ့တာ 2 နှစ်ရှိပြီဖစ်သည်
အခု Jimin ဆိုသည့် baby လေးရဲ့အဖေဟာ
တတိယနှစ်တက်နေခြင်းပါ။ အစကတော့သူရဲ့သူငယ်ချင်းတွေကတားကြသည်
ကလေးတစ်ဖက်နဲ့ကျောင်းတက်တာ အမြင်မတော်၍ ကန့်ကွက်ခဲ့ကြသည်သို့သော်လဲ ကလေးကို သူတစ်ပါးလက်ထဲထားခဲ့ရမည်ကို စိတ်မချ၍ ကလေးပါခေါ်ပြီး ကျောင်းတက်ခဲ့သည်
ကျောင်းလာလျှင်လဲ အမြဲတမ်းအကျီဆင်တူ၀တ်သည်
တကယ်ဆို Jimin ကဘွဲ့ရပညာတတ်လေးဖစ်မှာပါ။ အရာအားလုံးဆုံးရှုံးနေချိန်မှာ ကံကောင်းခြင်းတွေနဲ့အတူ baby လေးကိုရလိုက်၍ ကျေနပ်မိသည်
အရာအားလုံးသူ့ဘေးမှာမရှိရင်တောင်
Baby လေးရှိရင် ပြီးပြည့်စုံသည်" ကဲကျောင်းရောက်ပြီ..ပါးပါးသားလေးတော့ပျင်းတော့မယ် ပါးပါးစာသင်နေရင် "
" ပျင်းဘူး ပျော်တယ် baby လဲ
စာသင်ချင်တယ် ပါးပါး "" ဟာ..ပါးပါးသားလေးက လိမ်မာလိုက်တာ "
YOU ARE READING
မောင့်သဘော ( U+Z ) [ Complete ]