Part - 8

4.2K 434 36
                                    

Unicode -----

မောင့်သဘော { 8 }
.
.
.
.
.
.
.

" baby လေး ကိုကိုထယ့်ကို နှုတ်ဆက်လိုက်ဦး ပြန်တော့မယ် တာ့တာလို့ "

" တာ့တာ့ ကိုကို "

" ဟာ.... Jimin Hyung ကလဲ
ဘယ်လိုလုပ်ပြီး ကိုကို ထယ်ရမှာလဲ
ဦးလေး ထယ် ပါဆို "

" ဟားဟား ဟုတ်ပါပြီဗျာ
ဦးလေးထယ်ရေ "

Baby လေးရဲ့လက်ကိုဆွဲကာ အဆောင်ထဲမှ ထွက်လာသည်နှင့် အားလုံးကို နှုတ်ဆက်ပြီးသားဖစ်နေလေပြီ

ကလေးကို ကားပေါ်တင်ပြီး အိမ်ပြန်လမ်းကို
စတင်လိုက်သည်

ကားလေးကို မြစ်ဘေးအတိုင်းပတ်မောင်းပြီးမှ အိမ်ကိုမောင်းလာခဲ့လိုက်သည်

" ပါးပါး "

" ‌ဗျာ "

" Baby မုန့်စားချင်တယ် ဒီမှာကြည့်ပါဦး
ဗိုက်လေးကပိန်နေပြီ ပါးပါး "

ဗိုက်ကလေးပွတ်ပြကာ နှုတ်ခမ်းလေးထော်လျက် မုန့်ပူစာနေသည့် baby လေးကိုကြည့်ပြီး Jimin သဘောကျစွာရယ်လိုက်မိသည်

" ဟားဟားဟား...ပါးပါး baby လေးက
တတ်လိုက်တာ ဘာစားချင်လဲပြော "

" ဒူးရင်းသီးစားချင်တယ် ပါးပါး "

" ဟာ baby ကလဲကွာ အဲ့တာမုန့်မှမဟုတ်တာ
တခြားဟာစားနော်...ကားပေါ်မှာ
နံကုန်လိမ့်မယ် "

" ဟင့်....ပါးပါးကလဲ baby က
ဒူးရင်းသီးပဲစားချင်တာ..၀ယ်ကျွေးပါနော်
ပါးပါး baby ကိုချစ်ဖူးလားဟင် "

Baby လေးရဲ့အချွဲမှာ Jimin ပျော့ကျရမြဲပါ
အခုလဲ ဗိုက်ကလေးပွတ်လိုက် နှုတ်ခမ်းလေး‌ထော်လိုက် မျက်နှာငယ်လေးနဲ့မေးလိုက်
ဒီသားလေးကို ဘယ်လိုမှမချစ်ပဲမနေနိုင်ပါ

Baby လေးက ဒူးရင်းသီးကြိုက်သလောက်
Jimin ကအနံ့တောင်မခံနိုင်

ဒါပေမယ့်လဲ အခုလို baby လေးက ပူစာပြီဆိုရင်တော့ ၀ယ်ကျွေးရတော့တာပဲ

" အောင်မလေးလေး
စကားကတတ်လိုက်တာကွာ
ပါးပါး baby လေးက.. ကဲ ၀ယ်ကျွေးမယ်
ဒါပေမယ့် ကားပေါ်မှာမစားရဘူး
အိမ်ရောက်မှစားရမယ်နော် "

" ဟုတ်ကဲ့ ပါးပါး..... ပါးပါး "

" ဟင် "

" ဦးဦး jin ကိုလဲကျွေးမယ်နော်
ဦးဦး bibi ကိုလဲကျွေးမယ် "

မောင့်သဘော ( U+Z ) [ Complete ]Where stories live. Discover now