Part - 12

4.7K 372 15
                                    

Unicode -----

မောင့်သဘော { 12 }
.
.
.
.
.
.
.

" ငါ့ညီကို Hyung ညထဲကဖုန်းခေါ်နေတာ
၀င်ပြီးဘာလို့မကိုင်တာလဲ "

" ဟုတ်အဲ့တာ....ဟာ..... "

Hyung ပြောကာမှ ဖုန်းကိုသတိရလာသည်
ပြန်လာတော့ဖုန်းပါမလာပေ

ညထဲက Jimin. ရဲ့အိမ်အောက်ထပ်မှာချထားခဲ့သည်ကို ပြန်ယူမလာမိပေ

" ဘယ်မှာ ကျန်ခဲ့ပြီလဲ.... "

" ဟို...သူငယ်ချင်းအိမ်မှာပါ Hyung "

" နောက်ဆို ညဘက်ဘယ်အိမ်မှာမှ မအိပ်ရဘူးနော် ငါ့ညီ Busan မှာထင်တိုင်းကျဲနေပြီးပြီ
ဒီမှာတော့ Hyung ထားသလိုပဲနေရမယ်
ကြားလား "

" ဟုတ်ကဲ့ပါ Hyung "

" ဒါနဲ့ Busan သွားဖို့ကို ပြင်ပြီးပြီလား "

" Jimin ဆီက စာရင်းတွေရတာနဲ့
သွားဖို့ပြင်ထားတယ် Hyung "

" အေးအေး ....ဒါဆို Hyung မင်လေးဆီ
ဖုန်းဆက်လိုက်ဦးမယ် "

" ဟုတ်ကဲ့ Hyung ....ဒါဆို kook
အပေါ်တက်တော့မယ်နော် "

Hyung ကခေါင်းလေးအသာငြိမ့်ကာသွားခိုင်းသည်

Jungkook ကလဲအပေါ်ရောက်သည်နှင့် ကုတင်ပေါ်ပစ်လှဲပစ်ကာ မျက်နှာကျတ်ကိုငေးရင်း Baby လေးကိုမြင်ယောင်လာမိသည်
ရင်ထဲမှာလဲ ပီတိဖျာနေလေသည်

Jimin အိမ်မှာဖုန်းကျန်ခဲ့တာကြောင့် ညနေပိုင်းဖုန်းသွားယူရင်း baby လေးကိုတွေ့ရန် တွေးပြီးပျော်နေလေသည်

.
.
.

ညနေ 4 နာရီလောက်မှာ Jimin ရော baby လေးပါ Jin တို့အိမ်ကိုရောက်လာကြသည်

Baby လေးမျက်လုံးတွေဟာအိမ်ထဲကို ရောက်သည်နှင့် Jungkook ကိုရှာနေ၏
ဒါကို Jimin ရိပ်မိကာ ဟန့်လိုက်လေသည်

" Baby လေးနော် ပါးပါး ပြောထားတယ်
ငြိမ်ငြိမ်နေ လျှောက်မသွားနဲ့ "

" ဟုတ်ကဲ့ပါ ...ပါးပါး "

" လွတ်လွတ်လပ်လပ်နေပါစေ ငါ့ညီရယ်
ကလေးစိတ်ကျင်းကျပ်နေပါ့မယ် "

Jin က baby လေးအတွက်ပြောပေမယ့်
Baby လေးကတော့ Jimin. ပြောထားသည့်အတိုင်း ထိုနေရာလေးမှာပင် ငြိမ်ငြိမ်လေးထိုင်နေလေသည်

မောင့်သဘော ( U+Z ) [ Complete ]Where stories live. Discover now