Part - 16 { end }

7.9K 477 26
                                    

Unicode -----

မောင့်သဘော { 16 }
.
.
.
.
.
.
.

" အားးးးး "

ကားပေါ်မှဆင်းဆင်းချင်း ခြေထောက်လည်သွားတာကြောင့် စူးခနဲနာကျင်သွားလေသည်
ခြေညှပ်စီးထားတာကြောင့် ခြေထောက်ကမခံနိုင်အောင် နာသွားရသည်

" အားးးးး "

" မတ်တပ်မရပ်နဲ့လေ....အဲ့တိုင်းနေနေ
ကိုယ်လာမယ်...baby လေး လာ အရင်ဆင်း
ပါးပါးကိုတွဲရအောင် "

" ဟုတ်ကဲ့ ဖေဖေ "

Jungkook က ကားတံခါးကိုဖွင့်ကာ baby လေးကို အရင်ချပေးလိုက်၏
နောက်မှ Jimin ဆီအပြေးသွားကာထူလိုက်သည်

" အားးးး "

မင် မျက်မှာလေးရှုံ့ကာအော်လိုက်မိ၏
နာကျင်မှုကြောင့် မျက်ရည်စတို့ဝိုင်းသွားသည်

" အရမ်းနာနေတယ် ...ကျွတ် "

" ဖေဖေ....အဟင့်...အဟင့်.....ဟင့်...
ပါးပါးငိုနေပြီ....ဟင့် "

" ပါးပါးငိုတာ baby လေးက
လိုက်မငိုရဘူးလေ ....
baby လေးအိမ်ထဲကိုအရင်၀င်
ဖေဖေ က ပါးပါးကိုခေါ်ခဲ့မယ် ဟုတ်ပြီလား "

" ဟုတ်...ပါးပါး အရမ်းနာနေလား "

Baby လေးရဲ့အမေးကို Jimin မျက်နှာလေးမဲ့ကာ ခေါင်းခါပြလိုက်သည်

Baby လေးအိမ်ထဲလှည့်၀င်သွားတော့ Jungkook က မင့်ကို ပွေ့ချီကာ အိမ်ထဲလိုက်၀င်လာခဲ့သည်

အိမ်ထဲရောက်တော့ခြေထောက်ကို Jungkook ကိုယ်တိုင်ဆေးလိမ်းပေး၏
ပတ်တီးလဲသေချာပတ်ပေးထားကာ တဖွဖွအမှာတော် ခြွေနေလေသည်

မဂ်လာဆောင်ကအပြန်မှာ ဖစ်တာကြောင့်တော်သေးသည်
အသွားမှာသာဖစ်လိုက်လျှင် မလွယ်ပေ

" ခြေထောက်အခုလိုဖစ်သွားတာလဲ
ကောင်းတာပဲ "

" ဘာ...မင်း ဘာပြောတာလဲ "

" ဟုတ်တယ်လေ မင်းခြေထောက်က
ဘာမှမဖစ်ရင် ဒီနေ့လဲမင်းနားမှာမှမဟုတ်တာ
မဂ်လာဆောင်လဲသွားထားသေးတယ်
မင်းအနားယူသင့်ပြီ "

သူပြောနေတာတွေဟာ တကယ်စေတနာနဲ့ပြောမှန်းသိသော်လဲ သူ့ကိုရစ်ချင်မိသည်က
ဘာကြောင့်မှန်းမသိ

မောင့်သဘော ( U+Z ) [ Complete ]Tempat cerita menjadi hidup. Temukan sekarang