Part - 6

4.2K 377 18
                                    

Unicode -----

မောင့်သဘော { 6 }
.
.
.
.
.
.
.

တီ....တီ....

မင် ကားဟွန်းသံကြောင့် အကိုကြီးလာမှန်း သိလိုက်ပါပြီ ။

သို့သော်လဲ....
အိမ်ထဲမှာ Jungkook အိပ်ပျော်နေ၍
အကိုကြီးအထင်လွဲမလားဟု စိုးရိမ်မိသည်

ဘာပဲဖစ်ဖစ် Jungkook ဒဏ်ရာရနေကြောင်း
အကိုကြီးကို သေချာရှင်းပြလျှင် ရနိုင်တာကြောင့် ခြံတံခါးကိုဆင်းဖွင့်လိုက်သည်

ကားတံခါးကိုဖွင့်၍ ဆင်းလာသော အကိုကြီးမျက်နှာက ကြည်လင်နေသည်

လက်ထဲမှာလဲ ထုံးစံအတိုင်းမရိုးရအောင်
ပစ္စည်းတစ်ခုခုပါလာလေသည်

" အကိုကြီး ဒီနေ့အစောကြီးရောက်လာ
တယ်နော် "

" ဟုတ်တယ် ကိုယ်အလုပ်ကိစ္စနဲ့ သွားစရာရှိသေးလို့ ချာတိတ်ဆီ စောစော၀င်လာခဲ့တာ "

" ထိုင်လေ မင် ကော်ဖီဖျော်လိုက်မယ်နော် "

" အင်း "

မီးဖိုချောင်ထဲ၀င်သွားသည့် ချာတိတ်ကိုကြည့်လျက် namjoon သက်ပြင်းချလိုက်မိသည်

ညီမလေးရဲ့ချစ်သူနဲ့မှားယွင်းသွားခဲ့ပေမယ့်
တစ်ဖက်ကကောင်လေးကို တာ၀န်ယူခိုင်းဖို့လဲမတွေး....ညီမလေးကအိမ်ပေါ်ကနှင်ချတော့လဲ ငိုယိုရုံကလွဲ၍ ဘာမှပြန်မပြော နှုတ်ဆိတ်ခဲ့သော ချာတိတ်ကို သနားလှပါသည်

အစကတည်းကမုန်းမရခဲ့တာ အခုတော့
ဒီအနွမ်းပန်းလေးကို ပိုပြီးတော့မြတ်နိုးချင်မိသည်

ကိုယ့်အပေါ်မှီခိုနေသည့် ချာတိတ်လေးကို ကိုယ့်ဘက်ကဖွင့်မပြောရက်သလို ကိုယ့်မိသားစုရဲ့စိတ်သဘောကိုကြိုသိနေ၍လဲ ထပ်ပြီးဒဏ်ရာမရစေချင်တော့ပေ....

ချာတိတ်ရေ....ကိုယ်မင်းလေးရဲ့ဘ၀ကို
ဘယ်လိုကယ်တင်ရမလဲကွာ......

" အကိုကြီး ဒီမှာ ကော်ဖီရပြီ "

" အင်း ကျေးဇူးပဲ ချာတိတ် "

" အကိုကြီး "

" ဟင်.... ဘာပြောမို့လဲ ပြောလေ "

" ဟို....အိမ်မှာလေ "

ပြောချင်နေပေမယ့် ပါးစပ်က ချက်ချင်းထွက်မလာပေ ။ အကိုကြီးရဲ့မျက်နှာအရိပ်အကဲကြည့်တော့လဲ ရာသီဥတုသာယာတာကြောင့် ပြောဖို့အားယူလိုက်သည်

မောင့်သဘော ( U+Z ) [ Complete ]Where stories live. Discover now