Unicode -----
မောင့်သဘော { 9 }
.
.
.
.
.
.
.ကားပေါ်မှာ နှစ်ယောက်အတူပါလာသော်လဲ
အတွေးများကတော့တူတာတစ်ခုမှမရှိJungkook ကအေးဆေးစွာဆေးလိပ်ဖွာလျက်လိုက်ပါကာ Jimin ကတော့ ရင်ထဲမှာဒေါသတွေဖြင့် ကားကိုမောင်းနှင်လာခဲ့သည်
Hyung ရဲ့ခြံထဲကို ကားလေးရောက်သည်နှင့်
Hyung နဲ့ baby လေးက အိမ်ရှေ့မှာ အတူတူကြိုနေတာကိုမြင်လိုက်ရ၍ Jimin ရင်ထဲတိတ်သွားမိသည်Jimin နဲ့ Jungkook ကိုမြင်တာနဲ့ baby လေးကပြေးလာကာ.....
" ဦးဦးက baby တို့ဆီလာတာလားဟင် "
အဖေဆီအရင်မလာပဲ တစိမ်းဆီပြေးသွားသည့် Baby လေးကိုကြည့်ပြီး Jimin ရင်ထဲပူလောင်လာလေသည်
Jungkook ကလဲပြေးလာသည့် baby ကို
Jimin ရဲ့သားမှန်းသိလိုက်ကာ မျက်နှာကတည်သွားလေသည်အင်း ဟုသာပြန်ဖြေပြီး baby နဲ့jimin ကိုကျော်ကာ Jin ဆီသွားလေသည်
" Hyung နေကောင်းတယ်နော် "
" ကောင်းပါ့ဗျာ ငါ့ညီ Kookie လေးက
ပြန်မလာပဲနေနိုင်လိုက်တာကွာ "" Hyung ကလဲကျောင်းမပြီးသေးလို့
ပြန်မလာတာပါ ....အခုပြီးပြီဆိုတော့
ဘယ်မှမသွားတော့ဘူး ဟုတ်ပြီလား "" အေးပါကွာ အေးပါ...ညီလေးနဲ့ရော
မိတ်ဆက်ပြီးပြီလား "" ဟုတ်ကဲ့ Hyung "
" Baby လေးက မင်းညီကမွေးထားတာ
မင်းတူလေးလေ "" ဟုတ်ကဲ့ "
Jungkook က၀ဋ်ကျေတန်းကျေ ပြန်ဖြေနေသဖြင့် Jimin ကလဲယောင်လို့တောင်ပြုံးမပြပေ
Baby လေးကတော့ Jungkook နဲ့နေ့တိုင်းတွေ့ရတော့မည်ဆို၍ ပျော်နေလေသည်
" Hyung မင် ပြန်တော့မယ်နော်
ဧည့်သည်လဲ ပို့ပြီးပြီဆိုတော့ "" ဘယ်ကိုမှမပြန်နဲ့ ငါ့ညီတွေအတူနေမှ
ရင်းနှီးမှာ ဒီအိမ်မှာပဲနေတော့
Kookie ကိုလဲ ဧည့်သည်လို့မမှတ်နဲ့
သူကအပြီးနေမှာ "သူ့နာမည်က kookie တဲ့လား
ကိုယ်ကတော့ သူနဲ့ပတ်သတ်လို့
Jungkook ဆိုတာကလွဲ၍ ဘာမှမသိခဲ့
YOU ARE READING
မောင့်သဘော ( U+Z ) [ Complete ]