Part 2

671 118 5
                                    

ခပ်ထူထူတိမ်တိုက်များလွှင့်ပြယ်ကာနေသည့်ကောင်းကင်ထက်မှ သက်ဆင်းလာမည့်နေရောင်ခြည်ကိုပင်ကောင်းစွာမရရှိသေးသည့် မနက်ခင်းဝေလီဝေလင်းအချိန်ပင်ဖြစ်သော်လည်း မြို့ငယ်လေးအတွင်း၌သွားလာသူများမှာအတော်အတန်စည်ကားနေပြီဖြစ်သည်။

ဘေးသိုင်းအိတ်တစ်လုံးကိုလွယ်၍ကင်မရာတစ်လုံးနှင့်အတူတည်းခိုဆောင်အတွင်းမှဂျယ်ယွန်းထွက်လာခဲ့သည်။

ခပ်ပြပြသာဝေးသောနေရာတွင်တည်ရှိသည့် မြင်းလှည်းဂိတ်ရှိရာဆီသို့ ဦးတည်နေသောဂျယ်ယွန်း၏ခြေလှမ်းများသည် ရှေ့တည့်တည့်၌ပိတ်၍ရပ်လာသော မြင်းလှည်းတစ်စီးကြောင့် ခြေစုံရပ်မိသွားတော့သည်။

" တက် !! "

"နီခီ.."

မြင်းလှည်းမောင်းသူနေရာတွင်အခန့်သားထိုင်နေသည့်နီခီဆိုသောကောင်လေးကမြင်း၏ဇက်ကြိုးကိုကိုင်ကာအပေါ်စီးမှနေ၍ ဂျယ်ဟွန်းကိုဘေးတိုက်အနေအထားနှင့်ငုံ့ကာကြည့်နေပြီး မြင်းလှည်းပေါ်တက်ခိုင်းနေခြင်းဖြစ်သည်။

ဘယ်သူမှအသိပေးခြင်းမရှိခဲ့သည့်တိုင် ဒီကောင်လေးကတော့ စောစောစီးစီးသူအပြင်ထွက်မှာကိုကြိူတင်သိနေသည့်အလား မြင်းလှည်းနဲ့ပင်လာစောင့်နေပုံပေါ်သည်။

"အစ်ကို့ဘာသာပဲ မြင်းလှည်းဌားပြီးသွားလိုက်ပါ့မယ် ၊
နီခီအစ်ကို့ကြောင့်အလုပ်ပျက်နေမှာပေါ့"

ဂျယ်ယွန်းငြင်းလိုက်သည့်အခါ ကောင်လေးရဲ့မျက်နှာကသိသိသာသာပျက်ယွင်းသွားသည်ကို ဂျယ်ယွန်းမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။

"ဘယ်အလုပ်မှမပျက်ဘူး အဲ့တည်းခိုဆောင်ပိုင်ရှင်က
အမှန်တော့ကျွန်တော်ပဲ ဟုတ်ပြီလား အဲ့တော့တက် ! "

"ဒါပေမယ့် နီခီ.."

"အစ်ကိုလေးသွားချင်တဲ့နေရာမှန်သမျှ ပေါက်ကရစကားမပြောပဲ လိုက်ပို့ပေးနိုင်တာကျွန်တော်ပဲရှိတယ် ၊ အဲ့ဒါကြောင့်အချိန်မဆွဲပဲမြန်မြန်တက်လိုက်ရင် ဟိုနေရာသွားရင်ဘာဖြစ်မယ် ဒီနေရာသွားရင်ဘယ်လိုအန္တရယ်ကြုံမယ်ဆိုတဲ့ အာရုံနောက်စရာစကားတွေမကြားရတော့ဘူးပေါ့ဗျာ "

𝚁𝚑𝚢𝚝𝚑𝚖 & 𝚂𝚘𝚞𝚕 ( 𝙹𝚊𝚔𝚎𝙷𝚘𝚘𝚗)Where stories live. Discover now