3month later...
တိမ်စိုင်တိမ်တိုက်များလွှင့်စင်နေသည့်ပြာလဲ့လဲ့ကောင်းကင်ပြင်သည် ငြိမ်သက်နေသည့်ကန်ရေပြင်ထက်၌ကြေးမုံရိပ်တစ်ခုပမာ ပုံရိပ်ထင်ဟပ်လို့နေသည်။
်တိတ်ဆိတ်ငြိမ်သက်နေသည့်ပတ်ဝန်းကျင်၏ဆိတ်ငြိမ်မူသည် အုပ်ဆိုင်းနေသည့်နေသည့်သစ်အိုပင်များဆီသို့ နေ့လည်ခင်း၏လေပြေအေးများမှ တိုးဝှေ့လို့ရိုက်ခတ်သံကိုပင်ကြားတိုးလျစွာကြားနေရသည်။" စိတ်ရှုပ်ဖို့ကောင်းလွန်းလို့ရူးတော့မယ် ၊ "
နဖူးပြင်ကျဉ်းကျဉ်းလေးပေါ်သို့ဝဲကျနေသည့်ဖယောင်းသားနှယ်ပျော့ပျောင်းလွန်းလှသည့် ဆံနွယ်စလေးများထဲသို့ သွယ်လျလျလက်ကလေးများအားထိုးဆွပစ်လိုက်သည့် ဆောလ်နူသည် သက်ပြင်းမောခပ်ကျယ်ကျယ်ကိုပင်ရှိုက်ထုတ်မိသည်။
မျက်ဝန်းညိုလေးများသည် မှိုင်းညို့၍ရီဝေနေပြီးနှုတ်ခမ်းပါးလေးသည် စိတ်အလိုမကျခြင်းကြောင့် ခပ်သာသာဆူထွက်နေပြန်သည်။"အစ်မယွန်းချန်ရေ ! အစ်ကိုဟွမ်ဂွန်းကို ကျွန်တော်ဘယ်လိုမျိူးတားမှ သူ့လုပ်ရက်တွေကိုရပ်တန့်မှာလဲဆိုတာ
ကျွန်တော့်ကိုလာပြောလှည့်ပါဦးဗျာ ။ "နွမ်းလျနေသည့်မျက်နှာလေးထက်တွင် စိတ်ရှုပ်ထွေးနေသည့်အငွေ့အသက်ကလေးများသည်လည်းထင်ဟပ်၍နေသည်။
ဆောလ်နူသည်ငြိမ်သက်နေသည့်ကန်ရေပြင်ဆီသို့ ကျောက်စရစ်ခဲလေးတစ်လုံးအား အားထည့်၍ပစ်ပေါက်လိုက်သည်။ ငြိမ်သက်နေသည့်ကန်ရေပြင်သည် အရှိန်ဖြင့်ကျရောက်လာသည့် ကျောက်စရစ်ခဲလေး၏ရိုက်ခတ်မူကြောင့် ရေလှိူင်းအလွှာပါးလေးများအထပ်ထပ်ခတ်၍လှုပ်ခတ်သွားခဲ့သည်။" ကင်ဆောလ်နူ ! "
လှိုင်းရိပ်လေးများဖြင့်လှုပ်ခတ်နေသည့်ကန်ရေပြင်ဆီသို့ ငေးကြည့်နေသည့်ဆောလ်နူသည် ဒေါသသံစွတ်၍အမည်နာမအားခပ်ကျယ်ကျယ်ခေါ်ဆိုလာသည့်သူကြောင့် သက်ပြင်းရှိုက်သံသဲ့သဲ့ကိုသာ နောက်ထပ်တကြိမ်ထပ်ချလိုက်မိသည်။
" ကင်ဆောလ်နူ မင်းငါ့စကားကိုဒီလိုပဲလျစ်လျူရှုနေမှာလား။ "
"........."
ငေးကြည့်နေမိသည့်ကန်ရေပြင်ဆီမှ အကြည့်လွှဲ၍လှည့်ကြည့်စရာပင်လိုမနေလောက်အောင် ခေါ်ဆိုသူ၏လေယူလေသိမ်းအားဆောလ်နူအတတ်သိနေသည့်ကြောင့် ပြောနေသည့်တဖက်လူ၏စကားများကိုပင်အရေးမစိုက်သယောင် ကျောက်စရစ်ခဲတစ်လုံးအားကောက်ယူ၍ နောက်ထပ်တစ်ကြိမ်ကန်ရေပြင်ဆီသို့ထပ်မံ၍ပစ်ပေါက်လိုက်သည်။