'ဘာ!.. ခမည်းတော်က သင်တန်းကျောင်း သွားရမယ်လို့.. အမိန့်ချလိုက်တယ် ဟုတ္လား.. မဖြစ်နိုင်ဘူး ငါကိုယ်တိုင် သွားမေးမယ်'
'မင်းသား.. အိမ်ရှေ့မင်းသား.. မင်းကြီးအမိန့်ကို လက်ခံကြောင်း.. ပြောပေးပါအုံး'
ထုံးစံအတိုင်း နန်းဆောင် တစ်ခုလုံး ပွက်လောရိုက် ကျန်ခဲ့ပေမယ့် ဘာကိုမွ လှည့်မကြည့်ပဲ ပြေးထွက်သွားတဲ့ အိမ်ရှေ့မင်းသား မင်းအိမ်စည် နောက်သို့ နောက်လိုက်တော်တွေ ပြေးလိုက်ကြရ၏။
ဒီတစ်ကြိမ်က ပိုဆိုးနိုင်သည် ဟု အားလုံးက ထင်မြင် နေကြပေမယ့် မင်းကြီး ကိုလည်း မပြောရဲသလို အိမ်ရှေ့မင်းသားကိုလည်း ဖြေသိမ့်စကား မဆိုဝံ့..၊ မင်းကြီး မိန့်မှာသည်က အိမ်ရှေ့မင်းသားကို နောက်လိုက်တော် မပါပဲ နန်းပြင် သင်တန်းကျောင်း သွားတက်ခိုင်းသည် တဲ့..၊
'ခမည်းတော်!.. ခမည်းတော်!.. သားတော် အခစားလာပါတယ်'
ဟနေတဲ့ နေရာကနေ ကုန်းကွ ဝင်တော့မလို ပျာယာတွေ ခတ်နေတဲ့ အိမ်ရှေ့မင်းသားရဲ့ အမူအယာကြောင့် ကြီးကျယ်မှု တစ္ခုခုဆိုတာကို သိပြီး အထိန်းတော်တွေ စိတ်ရှုတ်ပြီး ငိုချင်သွားသလို ဖြစ်သွားကြ၏။ သို့သော် မင်းသား မင်းအိမ်စည်ကတော့ အထိန်းတော်တွေ ဘာဖြစ်ဖြစ် ဂရုစိုက်မှာမဟုတ်..၊
'မင်းသား!.. မင်းကြီးက မယ်တော်ကြီးနဲ့ တွေ့နေတာမို့.. ခေတ္တ ဆိုင်းငံ့ပေးဖို့.. ကျွန်တော်မျိုး..'
အထိန်းတော်ရဲ့ စကားတောင် မဆုံးလိုက်ပဲ မင်းသားက ချက်ချင်း ခေါင်းခါယမ်းလိုက်ပြီး..
'မျဖစ္ဘူး.. ခမည်းတော်.. သားတော် စကားပြောပြီးရင်.. သြားမွာပါ ခမည်းတော် မထွက်လာနိုင်ဘူး ဆိုရင် သားတော် ဒီကေနပဲ ပြောပါတော့မယ်..'
နန်းတော် စောင့်တွေက အကြောင်းမကြားပေးတော့ သူ့ဖာသာသူ အော်ပြောသည်။
'အိမ်ရှေ့မင်းသားကို ဝင်လာ ခိုင်းလိုက်ပါ..'
'တွေ့လား'
နန်းတော်စောင့်ကို အံကြိတ် ကြိမ်းဝါးပြီး နန်းဆောင်ထဲသို့ ပြေးဝင်သွား၏။ နန်းတော် အတွင်းမှာ မင်းသားက ဒီတစ်ပါးတည်း ရှိတာမို့ နန်းတွင်းတစ်ခုလုံးက အိမ်ရှေ့မင်းသားဆို တုန်နေအောင် မဟုတ်သော်ငြား ကြောက်ရသည်။