‘သူက ဘာလဲ သူက ဘာလဲ ဆက်ပြောလေ သူ့ကို ဘာလို့ သတ်ကြမှာလဲ ဘာလို့လဲ.. ဘာလို့ သတ်မှာလဲ’ဇက်ကျိုးကျသွားတဲ့ သဒ္ဒကို အတင်းလှုပ်ခါ မိပေမယ့် အသက်မရှိတော့ဘူး ဆိုတာကို ခံပြင်းစွာ လက်ခံလိုက်ရသည်။ ပြီးတော့ မင်းအိမ်စည်ကို သတ်တော့မည်တဲ့.. တစ်ယောက်က အသက် ဆုံးရှုံးသွားရပြီ။ နောက် တစ်ယောက်ကို သူမ ကယ်တင် နိုင်ပါ့မလား..၊ တကယ့် လူသတ်သူတွေကို မကြုံဖူးသေးတာမို့ လူက ရင်တွေ တုန်ရင်သည်။ ဘာဆက်လုပ်ရမှာလဲ..၊ ဆိုတာကို အကြာကြီး တွေးခွင့်မရ..၊
စိတ်ကို ဒုံးဒုံးချလိုက်ကာ သဒ္ဒနားကနေ ထရပ်လိုက်ပြီး.. ကြောက်လန့်နေကြတဲ့ ကိုယ့်အဖွဲ့သားတွေကို..‘ငါတို့ ကြောက်နေလို့ မရူဘူး.. အခု သဒ္ဒက သေပြီလား ရှင်အုံးမလား မသိဘူး.. နောက်ထပ် တစ်ယောက်ကို ဘယ်လိုပဲ ဖြစ်ဖြစ် ကယ်ရမယ် စေတ!.. မင်းက ဒီမှာနေခဲ့.. သဒ္ဒကို ဆရာတွေ လာခေါ်တဲ့အထိစောင့်ပေးပါ ငါ မင်းအိမ်စည်ကို လိုက်ရှာ သွားမယ်.. တော်ဝင်က ငါ့နောက် လိုက်ခဲ့.. ဆရာတွေ လာရင် တောင်အောက် မဆင်းခိုင်းနဲ့အုံး..’
‘ကောင်းပြီ’
မှာစရာ ရှိတာကို မှာပြီးသွားတာနဲ့ လေးနဲ့မြှားကို အသင့်ပြင် လိုက်သည်။ ပြီးတော့ နှောကြေနေတဲ့ တောင်ပတ်လမ်းတွေကို မျက်လုံးမှိတ်ပြီး တွေးကြည့်ရသည်။
ဘယ်နားကို ခေါ်သွားတာ ဖြစ်မလဲ..၊ ခြေရာတွေက တောင်ပေါ်သို့ ညွှန်ပြနေ၏။ တောင်ပေါ်သို့ လျင်မြန်စွာ ပြေးတက်သွားမိပြီး ရောက်ရောက်ချင်း မြင်လိုက်ရတာ.. အသက်ရှု ရပ်သွားစေနိုင်တဲ့ မြင်ကွင်း..၊ ဓားသမား သုံးယောက် အလယ်မှာ မင်းအိမ်စည်..၊ မင်းအိမ်စည်ကို နှစ်ယောက်က ချုပ်ဖက်ထားပြီး ကျောနောက်ရှိ ချောက်ကမ်းပါးသို့ ပစ်ချရန် ကြိုးစား နေကြသည်။ဒီဓားသမား သုံးယောက်ကို ယှဉ်နိုင်ပါ့မလား.. မသေချာတာကို သိသည်။ လက်ထဲမှာ ကိုင်ထားတဲ့ သစ်သားဓားက ဓါားအစစ်တွေ ကိုင်ထားတဲ့ တိုက်ခိုက်ရေးသမားတွေကို ဘယ်လို တိုက်ခိုက်နိုင်မှာတဲ့လဲ..၊ ထို့ကြောင့်.. တော်ဝင်နားသို့ တိုးပြီး ခပ်တိုးတိုးဖြင့်..