အိမ်ရှေ့မင်းသား နန်းပြင်သို့ သွားသော အခမ်းအနား..၊သင်တန်းကျောင်းထိ ခမည်းတော်က လိုက်ပို့မှာပေမဲ့ သူကတော့ ဆင်တော် မြင်းတော် စီးခွင့် မရေပ..၊ သာမာန် အရပ်သား ကဲ့သို့ ဝတ်ဆင်ရပြီး ကိုယ့်အထုပ်ကို ကိုယ္ဆြဲရကာ ခမည်းတော်၏ဆင်တော် နေဘးမွ လိုက်ပါ သွားရသည်။
လမ်းခရီးမှာ ခေတ္တ အနားယူသော်လည်း သူ့အား မည်သို့မျှ မလုပ်ပေးရဆိုတဲ့ ခမည်းတော်၏အမိန့်ကြောင့် သူ့ကို ချေွးသုတ်ပေးသူ ယပ်ခတ်ပေးသူ တစ်ဦး တစ်ယောက်မှမရှိ..၊ သူကလည်း တစ်လမ်းလုံး စကားတစ်ခွန်း မဆိုပဲ မျက်နှာထားကို တင်းမာ စူပုတ် ထားလိုက်သည်။ညအချိန် ရောက်တော့လည်း သူ့ကို ဘယ္သူမွ တဲမဆောက်ပေးရဲကြပေ။ ကိုယ်တိုင် လုပ်ကြည့်ဖို့ ကြိုးစားပေမယ့် ညမိုးချုပ်တဲ့အထိ တဲဆောက်လို့ မရေတာ့ နာကျင်နေပြီ ဖြစ်တဲ့ ခြေထောက်တွေ လက်တွေကို ငုံ့ကြည့်ပြီး တဲဆောက်နေတာကို ရပ္လိုက္ကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။
အားလုံးက ဘာမဆို လိုချင်တာရနေတဲ့ မင်းသားကို မင်းကြီးက ဘာကြောင့် ဒီလိုတွေ လုပ်နေမှန်း မသိကြပေမဲ့ မင်းသားကို သနားနေကြ၏။ ညစာ စားတော့လည်း အခါတိုင်း သူမ်ား လာချပေးတဲ့ ထမင်းဝိုင်းကို မကြိုက်ရင် သောင်းကျန်းတတ်တဲ့ မင်းသားကို ထမင်းပြင်ပေးမဲ့သူ မရွိပဲ လိုက်လာတဲ့ ရဲမက်တွေ တန်းတူ တန်းစီပြီး စောင့်နေရတော့ မင်းသားက ထိုင်ငိုလေသည်။
သားတော် ယခုလိုမျိုးတွေ မလုပ်နိုင်ဘူး.. သင်တန်းကျောင်း မှာလည်း ယခုလိုမျိုး ဆိုရင် သားတော် သေမှာပဲ.. ဒီတစ်ရက်လေးတောင်မှ လမ်းလျှောက်တာ ခြေထောက်မှာ အနာတွေ ဖြစ်သွားပြီ.. အဲ့တာတွေ မလုပ္ဘူး..
သူ့အသံကြားတော့မှ ခမည်းတော်က တဲထဲကေန ထွက်လာပြီး..
ကောင်းပြီ သားတော်.. သားတော်က ဘာလို့ လူတိုင်းလုပ်နိုင်တဲ့ အရာတွေကို မလုပ်နိုင်ရမှာလဲ.. အပါးတော်မြဲဇာဏီ!.. တဲထဲက ညစာ ထမင်းဝိုင်းကို သွားသိမ်းလိုက်ပါ ကျုပ်နဲ့ သားတော်ကို ဒီက ရဲမက်တွေ စားသလိုမျိုး.. တစ်ပန်းကန်စီ ထည့်ပေးပါ.. သားတော်က တဲမဆောက် တတ်တဲ့အတွက် ကျုပ်လည်း တဲထဲမွာ မနေတော့ဘူး..