အပိုင်း ၄

25 1 0
                                    


   ကျောင်း အစည်းအဝေးက ကျောင်းသားတွေ အားလုံး ကွင်းပြင်မှာ အုပ်စုလိုက် စုစည်းထားပြီး ဆရာတွေက ရှေ့နားမှာ တန်းစီနေကြ၏။

   ‘ဒီနေ့ အစည်းအဝေးကတော့ အားလုံးလည်း သိပြီးလောက်ပါပြီ ကျောင်းသားသစ် ကိစ္စပါ’

   ‘ရှင်ဖြူ တခြား အဖွဲ့တွေကို ဦးစားပေးပါ့မယ်.. သူတို့ မရွေးချယ်ဘူး ဆိုတာ သေချာမှ ရှင်ဖြူရဲ့ အဖွဲ့သား အဖြစ် သတ်မှတ်ပါမယ်..’

   ‘ကျောင်းသားသစ်ကို လိုချင်တဲ့အဖွဲ့ ရှိရင် ရှေ့ထွက်လာခဲ့ပါ..’

   တခြား ခေါင်းဆောင် တွေကလည်း သူ့အရည်အချင်းကို သိနေကြသဖြင့် မျက်နှာလွဲ နေကြ၏။

   ‘ဘယ်အဖွဲ့ကမှ မခေါ်လိုဘူး ဆိုရင်.. မင်းအိမ်စည်က ရှင်ဖြူငယ်ရဲ့အဖွဲ့ဝင် ဖြစ်သွားပါပြီ..’

   ‘ဆရာ!.. သူ့ကို တခြား ကျောင်းသားတွေနဲ့ အတူတူ လေ့ကျင့်ပေးလို့ မရနိုင်ဘူး.. သူ့ကို သီးသန့် လေ့ကျင့်ခွင့်ပေးပါ ဆရာ..’

   ဆရာက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းချကာ..

   ‘ကောင်းပြီ..’

   သူ့ကို သူမလက်ထဲသို့ ဝကွက် အပ်လိုက်သည့် အဖြစ်နှင့် ကျောင်းအစည်းအဝေးကို အဆုံးသတ် သွားသည်။ ကျောင်းအစည်းအဝေး ပြီးတော့ သူမက..

   ‘တော်ဝင်.. ကျန်တဲ့သူတွေကို ဦးစီးပြီး သေချာ လုပ်ဆောင်ပါ.. ဒီနှစ်လတော့ ငါ မင်းတို့ကို မလေ့ကျင့် ပေးနိုင်ဘူး.. သူ့ကို သေချာ လေ့ကျင့်ပေးပြီးမှပဲ အဖွဲ့လိုက် လုပ်ဆောင်မှုကို ပြန်လုပ်မယ် ငါတို့ ကျောင်းရဲ့ ထုံးစံကို နားလည်တယ် မဟုတ်လား တစ်ယောက်ကျန်ခဲ့ရင် တစ်ဖွဲ့လုံး အတန်း မတက်ရဘူး..’

   ‘စိတ်ချပါ.. ငါတို့ အမှတ်တွေကို သေချာ ထိန်းထားမယ်.. ဒါပေမယ့် သူက နှစ်လအတွင်း ငါတို့ကို လိုက်နိုင်ပါ့မလား သူ မလိုက်နိုင်ရင် ငါတို့ တစ်ဖွဲ့လုံး အတန်းမတက်ရပဲ နေမှာပေါ့’

   ‘အဲ့လို မဖြစ်စေရပါဘူး ငါ့ကိုပဲ ယုံပြီး နှစ်လလုံး ကြိုးစားပါ သုံးလမြောက်ကျရင် ငါတို့ ပြိုင်ပွဲစတာနဲ့ သူလည်း အဆင်သင့် ဖြစ်အောင် ငါ ကြိုးစားမှာပါ သိပ္ပ၊ စောရ၊ နန္ဒ၊ စေတ.. ငါ စိတ်ချမယ်’

ချစ်သောရှင်ဖြူငယ်Where stories live. Discover now