- U -
" ရုပ်လေးသာ ချောတာပါအေ စရိုက်ကတော့ ကြမ်းသလား မမေးနဲ့ "
" ကြမ်းဆို ငါးခေါင်းထုပြီး ငါးရောင်းနေတဲ့ သူတွေဘဲ အဲ့လောက်တော့ ရှိမှာပေါ့ "
ရှောင်းကျန့် ကို မြင်တော့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ပြောကြသည့်စကားများ။
လူတွေ လူတွေ ကိုယ့်ထမင်းကိုစားပြီး သူများအကြောင်းကိုဘဲ ပြောချင်နေကြတယ်။ စိတ်ဝင်စားနေကြတယ်။
" ပြောချင်ရင် ဒဲ့လာပြောနော် လမ်းလယ်ခေါင်ကြီးမှာ ငါ့အတင်းတုပ်မနေနဲ့ "
ရှောင်းကျန့် က သူ့အားအတင်းတုပ်နေသည့် အမျိုးသမီး နှစ်ယောက်၏ ရှေ့တည့်တည့်၌ သွားရပ်ကာ ပြောလိုက်၏။
" ငါတို့က အမှန်ကိုပြောနေတာလေ "
" အမှန်ဘဲပြောပြော အမှားဘဲပြောပြော ငါ့ကွယ်ရာမှာ ပြောရင် ငါ့အတင်းကိုတုပ်တာဘဲ သူများအတင်းတုပ်မှ စားဝင်အိပ်ပျော်ကြတဲ့ သူတွေ"
" နင်ဘာစကားပြောတာလဲ "
" ကြားတဲ့အတိုင်းဘဲလေ "
" လာပါအေ သွားရအောင် အဲ့လို စရိုက်ကျတဲ့ သူမျိုးတွေနဲ့ ပြောမနေစမ်းပါနဲ့ "
ထွက်သွားကြသည့် ကျောပြင်နှစ်ခုအား ကြည့်ကာ ရှောင်းကျန့် ဟက်ခနဲ မဲ့လိုက်၏။
သူ့ကို စရိုက်ကျတယ်တဲ့ ။
ပြောတဲ့သူတွေကတော့ စရိုက်ကောင်းလိုက်ကြတာ။ အလကား ဦးနှောက်ထဲမှာ အတင်းတုပ်ဖို့ အကြောင်း နဲ့ ချီးဘဲ ရှိတဲ့ဟာတွေ။
ဒင်းတို့အဲ့လို ပြောလဲ ရှောင်းကျန့် တို့က ဂရုစိုက်ဖို့ မပြောနဲ့ ဖင်ထဲတောင် မထည့်ဘူး။
----
ဒီ ကမ်းစပ်မြို့လေးမှာ ရှောင်းကျန့် တို့ မိသားစုက မြို့မျက်နှာဖုံးဆိုလဲ မမှား။
ရေချို ရေငန် ငါးစိမ်း ငါးခြောက် ရောင်းဝယ်ရေးလုပ်ငန်း လုပ်သည်။
ပိုက်ဆံရှိသူပီပီ ရှောင်းကျန့် တို့ မိသားစုက အနည်းငယ် မောက်မာချင်၏။
ရွှေဆွဲကြိုးအကြီးကြီးဝတ်ထားသည့် ရှောင်းကျန့် ရဲ့ အမေ ဒေါ်နန့်စံ မှာလဲ မျက်နှာထားတင်းတင်းနဲ့ ဘဝင်လဲ မြင့်သည်။