- U -
၅လခန့်ကြာသောအခါ...
" ကိုယ်ဗိုက်ဆာရင် အိမ်ပြန်လာစားပါ့မယ် နေပူထဲတော့ မပေါ့မပါးကြီးနဲ့ မလာပါနဲ့ "
" အရင်ကလဲ လာနေကျဘဲ ဟာကို "
ရှောင်းကျန့် က အထွန့်ကလေးတက်၏။
" အရင်ကနဲ့ အခုက မတူတော့ဘူးလေ ဒီဗိုက်ကလေးထဲမှာ ကိုယ်တို့ရဲ့ ကလေးသေးသေးလေးက ရှိနေပြီလေကွာ "
ဝမ်ရိပေါ်က ရှောင်းကျန့် ၏ သိသိသာသာလေးစူတူတူလေး ဖြစ်နေသည့် ဗိုက်ကလေးအား ပွတ်သတ်ရင်း ပြောလိုက်တော့ ရှောင်းကျန့် က ချစ်စဖွယ်ရယ်၏။
" ဒါဆို ကိုယ်သွားတော့မယ်နော် "
ရှောင်းကျန့် က ခေါင်းငြိမ့်ပြကာ အိမ်ရှေ့ထိ လိုက်ပို့လိုက်သည်။
ထွက်သွားသည့် ကျောပြင်ကျယ်ဟာ လွန်ခဲ့တဲ့ လေးလလောက်က ရှောင်းကျန့် တို့ အိမ်ကို အိမ်သား အဖြစ်နဲ့ ရောက်လာခဲ့ခြင်းပင်။
ရှောင်းကျန့် နဲ့ ဆရာလေး ကြိုက်နေကြသည့် သတင်းက သူတို့မြို့လေးပေါ် ဟိုလေးတကျော်ကျော်နဲ့ ဖြစ်ခဲ့သေး၏။
ရှောင်းကျန့် ကို အမေက အဲ့ဒီတုန်းကတော့ ဆရာလေးနှင့် တွေ့ခွင့်မပေးပေ။
သို့ပေမဲ့ ရှောင်းကျန့် ကတော့ ရသည့်အပေါက်ကထွက်ပြီး ခိုးတွေ့တာပါဘဲ။
နောက်တော့ အနည်းငယ် အရုပ်ပျက် အစားပျက် ဖြစ်လာသည့် ရှောင်းကျန့် ကြောင့် ဒေါ်နန့်စံ မှာ မသင်ခါလို့ စစ်ဆေးကြည့်ရာမှ ရှောင်းကျန့် မှာ ရင်သွေးလေး ရှိနေပြီမှန်း သိခဲ့ရသည်။
မွေးကတည်းက သားအိမ်ပါလာသည့် ကလေးပေမို့ အစတည်းက အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေသည့် ကြားက ရှောင်းကျန့် ဟာ ယောက်မကို မြင်းစီးထွက်ခဲ့သေး၏။
သူ့ကိစ္စကို ဝမ်ရိပေါ် အား ဖွင့်ပြောတော့ ဝမ်ရိပေါ်က သူတို့မြို့ကနေ မိဘများအား ချက်ချင်းလာခဲ့ဖို့မှာကာ ရှောင်းကျန့် အား မိသား ဖသားပီပီတောင်းရမ်း ခဲ့ခြင်းပင်ဖြစ်သည်။
အစကတော့ အမေက မပတ်သတ်ဖို့ ဘာညာပြောခဲ့ပေမဲ့ ဗိုက်ထွက်လာတော့ မပတ်သတ်လို့လဲ မရတော့ပေ။