5

1.7K 233 26
                                    

- U -

" အဲ့ကလေးက အပြောသာဆိုးတာပါ စိတ်ထားလေးကတော့ ကောင်းပါတယ် "

" အဲ့ဒီ အပြောဆိုးတာကဘဲ လူတစ်ဖက်သားကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လေ "

အဘွားစုန် ၏ အပြောကို ရိပေါ်က ဘာမှမပြောဘဲ တိတ်တဆိတ်သာ နားထောင်နေပေမဲ့ ယန်ယန်ကတော့ ထိုသို့မဟုတ်ပေ။

နေ့လည်က ကိစ္စကို သူမ အလွန်အမင်း ဒေါသထွက်ရ၏။

သူမ သဘောကျနေသည့် လူရှေ့ကမှ အပြောခံလိုက်ရလေခြင်းဆိုပြီး စိတ်ထဲ မခံမရပ်နိုင်ရှိနေသည်။

"  ယန်ယန်က လူကြီးဘဲ နားလည်ပေးလိုက်ပါ ဗျာ "

ဝမ်ရိပေါ်က စိတ်ဆိုးနေသည့် ယန်ယန်အား ဖျောင်းဖျပေးလိုက်ရ၏။

မဟုတ်ရင် ဒေါသက ပေါက်ကွဲထွက်တော့မလိုဘဲ။

" ယန်ယန် အိမ်ပြန်တော့မယ် "

" ကျနော် လိုက်ပို့ပေးမယ်လေ "

မိန်းကလေး တစ်ယောက်တည်း ညဘက်ကြီး အိမ်ပြန်တာ မသင့်တော်၍ ရိပေါ်က ယန်ယန်အား လိုက်ပို့ပေးလိုက်ရသည်။

----

" ဘွားစုန် ဆရာလေးက ဘယ်တော့ပြန်လာမှာလဲ"

အဖေ့မှာပါသည့် ငါးစည်ဘူးတွေကို ဆရာလေးအား စားစေချင်လို့ ရှောင်းကျန့် က လာပို့တာကို ဆရာလေးက ဟို ယန်ယန်ဆိုသည့် ကျောင်းဆရာမအား လိုက်ပို့သည်တဲ့လေ။

" ပြန်လာမှာပေါ့ ရိပေါ် က အထွက် ရှောင်းကျန့် က အဝင် လမ်းလွဲသွားတာနေမှာ "

" အဲ့ဆရာမကလဲ ကိုယ့်အိမ်ကို မပြန်တတ်ဘူးလား ယောကျာ်းပျိုလေး ရှိနေတဲ့ အိမ်မှာ အဲ့လိုဘဲ နေဝင်ညည့်နက်ထိ နေရသလား အလကား ကျောင်းဆရာမဆိုပြီး ပရမ်းပတာ နေနေတယ်"

" ဟဲ့..ဟဲ့..ရှောင်းကျန့် ရယ် အဲ့လိုမပြောရဘူးလေ မင်းနှယ့် အပြောအဆို ဆင်ခြင်ပြောမှပေါ့ "

" မဟုတ်လို့လား မိန်းမဖြစ်ပြီး အနေအထိုင်ကိုမတတ်ဘူး ဆရာလေးနား တောက်တဲ့မ လို လိုက်ကပ်နေတယ် "

" မိန်းကလေးတစ်ယောက်ကို အဲ့လောက်ထိ ပြောရသလား ရှောင်းကျန့် ! "

𝐋𝐨𝐯𝐞 𝐢𝐬 𝐟𝐢𝐫𝐞 𝐚𝐧𝐝 𝐢𝐜𝐞 Where stories live. Discover now