4

1.6K 238 14
                                    

- U -

" အမလေး အဲ့ဒီငါးတွေက ဘူး တစ်ဆယ်ကျော်တောင် မှာသွားတာနော်  ကြော်စားစား ချက်စားစား စားချင်သလိုသာ စား "

ငါးဒိုင်ထဲကနေ လာဝယ်ရင် အပြင်က စျေးသည်တွေထက် စျေးသက်သာ၍ တစ်ချို့ဆို ဟင်းစားအတွက် ရှောင်းကျန့် တို့ ဒိုင်ကနေ ငါးလာဝယ်ကြ၏။

" တစ်ခါမှ မစားဖူးပါဘူးတော် "

ဝယ်သူက ငါးအားကြည့်ကာပြော၏။ ငါးမှာ အနည်းငယ် အမဲရောင်ဖြစ်ပြီး ပဟက်လေးတွေရော ကုန်းမြှီး နှင့် အမြှီးများမှာလဲ အနီရောင်လေး သန်းနေသေးသည်။

" အဲ့ဒါ ငါးမုတ်လို့ ခေါ်တယ် ကြော်ချက်စားကြည့် အိမ်က ကျန့်ကျန့်တောင် တော်တော်ကြိုက်နေတာ "

ရွှေဆွဲကြိုးအကြီးကြီးဆွဲထားသည့် ဒေါ်နန့်စံ က သူမ၏ သားကြိုက်ကြောင်းလဲ ​ပြောလိုက်သေးသည်။

" ဟုတ်ပါပြီတော် ယူမယ် ယူမယ်  "

ဝယ်သူအဒေါ် နှင့် ဒေါ်နန့်စံ က စျေးတည့်နေကြ၏။

" အမေ ငါးဖယ်ဆုတ် လုပ်တဲ့ အထုတ်က ဘယ်လောက်လဲ "

ငါးဖယ်ဆုတ်လုပ်သည့်အထုတ်တွေအား ရေခဲဘူးထဲ၌ထည့်ထား၏။

" ၄၃၀၀ နဲ့ ပေးလိုက် "

ရာသီဥတုက ပူအိုက်လာပြီမို့ ဒေါ်နန့်စံက ယပ်တောင်တဖြတ်ဖြတ်ခတ်နေပြန်သည်။

ရှောင်းကျန့် တို့ မြို့လေးက ဖုန်းလိုင်းမိပေမဲ့လို့ မီးကတော့ မရပေ။
သို့ပေမဲ့ ညဘက်ကျရင် အိမ်တိုင်း၌ မီးစက်နိုးကြ၏။

မီးစက်မရှိသူများမှာလဲ ဘတ်ထရီအိုးလေးနှင့် ဆိုလာ မီးလေးနှင့် ဖြစ်သည်။

" အစ်ကို ရှောင်းဟန် လဲ မတွေ့ပါလား အစ်မ "

" အေး မင်းအစ်ကိုက ငါးမန်းသားခြောက်တွေ သွားပို့တယ်လေ ဘယ်နှစ်ရက်ကြာမယ်မသိဘူး"

အိမ်၌ ရှောင်းကျန့် ၏ အဖေအား မတွေ့၍ အသိတစ်ချို့က မေးကြပြန်၏။

" ယပ်တောင်ကြီး တဖြတ်ဖြတ် နဲ့ ရှောင်းကျန့်ရယ် ပင်လယ်နားမှာ နေတဲ့လူက ဒီလောက်ပူနေရင် ငါတို့တွေကောဟာ "

𝐋𝐨𝐯𝐞 𝐢𝐬 𝐟𝐢𝐫𝐞 𝐚𝐧𝐝 𝐢𝐜𝐞 Where stories live. Discover now