(1)

1K 79 29
                                    

"တစ်ကယ်ပဲ သွားမလို့လား နောင်ရယ်
အမေဖြင့် စိတ်မချပါဘူးကွယ်"

အမေ့စကားကိုကြားတော့
အဝတ်တွေထည့်နေရာမှ နောင် ပြုံးမိသည်။ကျောင်းဆရာတစ်ယောက်ဖြစ်တာကြောင့်
နောင်က တာဝန်ကျရာ မြို့နယ်၊ကျေးရွာမဟူ သွားရမည်သာ။

နယ်ပြောင်းဖို့အတွက် စာကျပြီးထဲက
အမေက အတန်တန်တားနေခဲ့တာဖြစ်သည်။
သူကလည်း သွားချင်ခဲ့သည်မလို့
အမေနှင့်သူက ထိုကိစ္စနှင့်ပက်သက်ပြီး
တစ်ကျက်ကျက်ဖြစ်ရသေး၏။

"အမေပြောတော့
ပညာရေးမဖွံ့ဖြိုးသေးတဲ့ဒေသတွေကို
ပညာအားဖြည့်ပေးဖို့ နောင့်ကို
ကျောင်းဆရာလုပ်ခိုင်းတာဆို "

သူပြောတော့ အမေကနှုတ်ခမ်းဆူသည်။

"ဒါပင်မယ့် အခုလိုနယ်ဝေးအထိကျတော့
အမေက နောင့်ကို ဘယ်စိတ်ချမလဲ"

"ဟောဗျာ အမေရယ်..."

"ကဲ မသီတာ
ခင်ဗျားသားက အရွယ်ရောက်ပြီးသား
ကျောင်းဆရာပါဗျာ ပုခက်ထဲက
ကလေးလေးလည်း မဟုတ်တော့ဘူး
စိတ်ချလိုက်ပါကွာ ယောင်္ကျားလေးပဲ
ဘဝမှာ တစ်ကိုယ်ထဲ ရုန်းကန်ဖူးမှ  
ဒေါင်ကျကျပြားကျကျ နေတတ်မှာပေါ့
မဟုတ်လား"

"ကျုပ်က ကျုပ်သားလေးကို
ဘယ်အချိန်ဖြစ်ဖြစ် ကလေးလို့ပဲ မြင်တာတော့"

"မင့်သားက ကလေးမှဖြင့် မဟုတ်တော့တာပဲ"

"ဟုတ်ပါတယ် အမေရယ်
နောင်က လူကြီးဖြစ်နေပါပြီ
စိတ်ချပါအမေရဲ့ "

အဖေနှင့်အမေ့ စကားဝိုင်းထဲ
သူဝင်ပါမှ ငြိမ်သွားသည်။
မဟုတ်လျှင် သူ့ကြောင့်နှင့် အမေနှင့်အဖေက
ကတောက်ကဆ ဖြစ်ကြမှာကို စိုးပါ၏။

"ဒါဖြင့်လည်း စားရေးသောက်ရေးမခက်ခဲအောင်
အမေ အခြောက်အခြမ်းလေးတွေ
ကြော်လှော်ပေးထားတယ် အဲ့တာ ယူသွားချည်"

အမေကပြောရင်း
အခန်းထဲက ထွက်လို့
မီးဖိုချောင်ထဲ ဝင်လို့သွားချေပြီ။

"မင့်အမေက တစ်ခါတစ်လေကျလည်း
ကလေးလိုပါပဲကွာ"

အမေ့နောက်ကျောကို ကြည့်ရင်း
အဖေက ဆိုလေတော့ နောင်ပင်ပြုံးလိုက်မိပါ၏။တစ်ခါတစ်ရံ ကလေးဆန်သောအမေက အဖေ့လို စိတ်ရှည် သည်းခံသောအမျိုးသားနှင့်မှ
ဖြစ်ချေမည်သာ။

နေမလား မောင့်ရင်ထဲဝယ်Where stories live. Discover now