(6)

291 36 6
                                    

"ကျောင်းဆရာရေ ရောက်ပြီဗျို့.."

မိုးစွေ၏အပြောကြောင့် နောင် လှမ်းလို့ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှ ရွာလေးကို လှမ်းလို့မြင်လိုက်ရသည်။

"သိပ်မဝေးလှဘူးပဲဗျ"

"ဟုတ်တယ်ဗျ"

ခပ်လှမ်းလှမ်းမှမြင်နေရသော ရွာငယ်လေးကို
ကြည့်ရင်း နောင် ဆိုလိုက်တော့ မိုးစွေက ထပ်လို့ထောက်ခံ၏။

နောင်တို့နေရာရွာမှ တစ်နာရီမျှခြေလျင်နှင်ရသော ရွာကလေးက တစ်ကယ်ကိုအလှမ်းမဝေးတာဖြစ်သည်။လက်ပံပင်တွေစီစီရီရီနှင့်  ရွာဝင်လမ်းကလေးသည် အနီရောင်ခင်းနေ၏။
နေအပူရှိန်ကတော့ ပူနေဆဲပင်။နောင်တို့ရွာထဲဝင်လာတော့ ယာဆင်းချိန်ဖြစ်တာမလို့ ရွာထဲ လူသူတော့ အတော်အတန်ကင်းနေ၏။

"ဗျို့ ဦးစိန်တင် သူကြီးရေ!!

ရွာထဲဝင်ပြီးပြီးချင်း အနည်းငယ်မျှလျှောက်ပြီးသော် မိုးစွေမှ ‌ခြေတံရှည်အိမ်ကြီးရှေ့ရပ်လို့ အသံကုန်အော်၏။

"ဘယ်ကောင်တုန်းကွ? "

မိုးစွေအော်သံကြောင့်ထင်သည်။
ခြေတံရှည်အိမ်အပေါ်ထပ်မှ နှုတ်ခမ်းမွှေးခပ်ကောင်းကောင်းနှင့် သက်ကြီးပိုင်းလူကြီးမှ
လေဝင်တံခါးကို ဖွင့်လို့ ပြန်‌အော်လာသည်။

"မိုးစွေပါလား ဝင်ခဲ့ဟေ့"

ဦးစိန်တင်၏ ခေါ်ဆိုမှုကြောင့် နောင်တို့ဝိုင်းထဲဝင်တော့ နှစ်ရှည်ကုက္ကိုလ်ပင်ကြီး၏အရိပ်ကြောင့်ထင်။ခြံဝန်းသည်အေးမြနေ‌လေသည်။

"ကဲ ဘယ်လိုများရောက်လာတုန်းကွ?"

အိမ်ပေါ်ထပ်မှဆင်းလာသော ဦးစိန်တင်မှ
နောင်တို့ထိုင်ရာ ခုံတန်းနားဝင်ထိုင်းရင်း မေးတော့ မိုးစွေမှ စကားကိုဆက်၏။

"ဒီလိုသူကြီးရေ ဒီဘက်က ကျွန်တော်တို့ရွာက ကျောင်းဆရာ ညိုသွေးနောင် တဲ့ဗျ"

မိုးစွေမှ နှုတ်ဆက်ပေးတော့ သူကြီးဖြစ်သူက နောင့်ကိုပြုံးပြလာသည်။ခပ်ထူထူနှုတ်ခမ်းမွှေးကော့ကော့က အပေါ်ကိုခပ်လှလှကော့တက်သွားတော့ နောင် နှစ်နှစ်လိုလိုပဲ ပြန်ပြုံးပြလိုက်ပါသည်။

နေမလား မောင့်ရင်ထဲဝယ်Where stories live. Discover now