"ညနေတောင်စောင်းတော့မယ်ဆိုတော့ ကျွန်တော် ပြန်တော့မယ်နော်"
မယ်ဒလင်ကို ကွပ်ပျစ်ပေါ်တင်ရင်း သူဆိုလာတော့ ကျွန်တော် ခပ်ဖြည်းဖြည်းပဲ ခေါင်းညိတ်ပြလိုက်သည်။အချိန်က ညနေတောင်မှ စောင်းနေပြီပဲ..။
"ညကျ စောစောလည်း အိပ်ဦးနော်ဗျ
ထမင်းလည်းစောစောစားနော် အစာမကျေဖြစ်မယ်ဗျ"ခြံတံတခါးဝနားရောက်သည်အထိ မှာတမ်းတွေက ခြွေလို့မပြီးသေးလေတော့ ကျွန်တော် ခပ်တိုးတိုးတစ်ချက်ရယ်လိုက်မိတော့သည်။ရယ်သံတိုးကို သူကြားလေတော့ သော်ယံမှိုင်း၏အကြည့်တို့က ကျွန်တော်ရှိရာထံ တူရှုလို့လာ၏။
"မေတ္တာရှိတယ်ဆိုတာလေးလည်း အမှတ်ရပေးနော်.."
"ကျွန်တော့်စိတ်နှလုံးထဲအထိ မှတ်သားထားပါ့မယ်"
ဒီလိုဖြေတော့မှ စိတ်ချသွားသလို ရယ်သံတိုးသဲ့သဲ့က သူ့နှုတ်ခမ်းပါးထက်မှာ အပြုံးလှလှနှင့်အတူ ထွက်လို့ပေါ်လာသည်။ညနေခင်းလေပြည်အဝှေ့မှာ မန်ကျည်းရွက်အိုတို့က တဖွဲဖွဲကြွေလို့ကျနေပြီး ကျွန်တော်တို့နှစ်ဦးကြားမှာတော့ ခပ်မှန်မှန်ဖြစ်သော နှလုံးအိမ်စည်းချက်ကလေးတို့သည် ကူးလူးယှက်နွယ်နေခဲ့တော့၏..။
"ဟေ့ကောင် ဝါးစိန် ဘယ်ကပြန်လာတာတုန်း"
"အာ..ကိုချက်ဖောင်း ကျွန်တော်ကျောင်းဆရာအိမ်ကနေပြန်လာတာဗျ ကိုချက်ဖောင်းရော အိမ်ပြန်ပြီလားဗျ ဒါနဲ့ လက်ထဲက ဘယ်သူ့စာတုန်းဗျ"
"ဪ အဲ့တာ မြို့ကစာလေ ကျောင်းဆရာဆီလာတာ ကြည့်ရတာ မြို့မှာကျန်ခဲ့တဲ့ ငယ်ကျွမ်းဆွေလေးဆီကများလားမသိပါဘူးကွာ"
"မဖြစ်နိုင်တာပါဗျာ ကျောင်းဆရာမှာမရှိပါဘူးနော် အဲ့လိုမျိုးတွေ ဟွန်း"
"မင်းက ဘယ်လိုသိတုန်းကွ"
"ဒါကတော့ ဒီလိုပါပဲဗျာ.. အဟဲ"
ကျောင်းဆရာအိမ်မှအပြန် ကိုချက်ဖောင်းနှင့် လမ်းမှာဆုံလေတော့ နှုတ်ဆက်ကြရင်းနှင့် စကားက ဆက်စပ်မိလေတော့၏။
"မင်းလူအကြောင်း မင်းပဲအသိဆုံးဖြစ်မှာပေါ့ကွာ"
"ဒါပေါ့ဗျ အဟဲ"

YOU ARE READING
နေမလား မောင့်ရင်ထဲဝယ်
FantasyThis is My First Own Creation ✨ Started Date :9/March/2022