*unicode*
"အဲ့လိုမဟုတ်ဘူး အဲ့တာကြောင့်စိတ်မကောင်းမဖြစ်ပါနဲ့"
"ဒါပေမဲ့..."
coffeeမှာထားတာလာချတော့စကားစပျက်သွားကြသည်ထိုအန်တီကြီးကသူတို့ကိုပြုံးပြလာခဲ့တယ်"jungkookလေးတောင်ချစ်သူရနေရောပေါ့ ချစ်စရာလေးကွယ်သားကောင်လေးက"
jungkook taehyungကိုကြည့်လိုက်မိတော့ထိုကောင်လေးလည်းမျက်နှာလေးနီပီးရှက်နေဟန်
"အန်တီ အဲ့တာသားကောင်လေးမဟုတ်ပါဘူး ဒီတိုင်းမိတ်ဆွေပါ"
"အော...အန်တီကချစ်သူထင်နေတာ တောင်းပန်ပါတယ်ကွယ်"
"ရပါတယ် အန်တီရဲ့ တောင်းပန်စရာမလိုပါဘူး"
"ဒါဆိုအန်တီအလုပ်ပြန်လုပ်လိုက်ဦးမယ်"
"ဂရုစိုက်သွားနော်အန်တီဟေး"
"အေးပါကွယ်"
ထိုအန်တီထွက်သွားပီးမှပြန်စကားစလာတဲ့taehyung
"တော်"ရင်းနှီးပုံရတယ်နော် jeonနဲ့က"
"အင်း ဟုတ်တယ် ကိုယ်အထက်တန်းကျောင်းတတ်ကတည်းကဒီကိုခနခနလာတယ်လေအခုထိအဲ့ကြောင့်အန်တီဟေးနဲ့ကမွေးစားအမေလိုပဲ"
"ချစ်စရာလေးတွေပဲ"
"ကိုယ်ကတော့မဟုတ်ဘူး"
"ဟုတ်ပါတယ် jeonလည်းချစ်စရာလေး"
"မင်းကိုမနိင်ဘူးပဲ"
ထိုဆိုင်လေးမာစကားတွေတော်"များပြောဖြစ်ခဲ့ကြပီးအပြန်လည်းtaehyungကိုjungkookပြန်လိုက်ပို့ပေးခဲ့သည်
______________________________
hoseokဆီကဖုန်းဝင်လာတော့ကိုင်လိုက်တော့
"အေး ပြော?"
"သူမပြန်လာပီ"
"ဟမ်! တကယ်လား"
"အင်း..ငါတောင်သူဖုန်းဆက်လာလို့သိတာ သူမင်းကိုလာတွေ့လိမ့်မယ်"
"ငါ သူမနဲ့မတွေ့ချင်သေးဘူးhoseok"
"ဘာလို့လည်း မင်းရဲ့အချစ်ဟောင်းကြီးပြန်လာပီလေကွာ"
"ငါမှသူမကိုမချစ်ခဲ့တာ ဘာလို့အချစ်ဟောင်းလည်း?"
"အာ ဟုတ်သား မင်းလိုကောင်ကဘယ်တုန်းကအတည်ချစ်ခဲ့ဖူးလို့လည်း"