ဝမ်ရိပေါ်၏ အိမ်တွင် ငကျန့်ရောက်နေသည်မှာ သုံးရက်ရှိပြီဖြစ်၏။ ဝမ်ရိပေါ်အနေနဲ့ အနီးကပ်ခေါ်ထားပြီး ခွင်ကြီးကြီးဆင်နေသည်မှာ သိသာလွန်းသည်။ ရွာတွေမှာလို ဝက်မွေးထားလို့ ဈေးကောင်းရချင်ရင် အသားတိုးအောင် အချိန်တစ်ခုယူ ပြုစုရသည်မဟုတ်လား။ ယခုလည်း ထိုနည်းလည်းကောင်းသာ။
"ဝမ်ရိပေါ် နောက်တစ်ဘူးထပ်ပေးစမ်း..."
ငကျန့်၏ ခပ်မာမာ အထက်စီးဆန်ဆန်တောင်းဆိုလိုက်မှုကြောင့် ဝမ်ရိပေါ် အံကိုကြိတ်ပြီး သူသိမ်းထားသည့် အသင့်စား ခေါက်ဆွဲဘူးတစ်ခုကို ထပ်ပေးလိုက်သည်။ ဒါနဲ့ဆို ငါးဘူးမြောက်ရှိနေပြီဖြစ်၏။ သာမန်လူ တစ်ယောက်အလွန်ဆုံးစားနိုင် နှစ်ဘူးပေါ့။ ဒါတောင် ဘကောင့်သားက ပြောလိုက်သေးတယ်။ ထမင်းလေးပါတည်ပေးဆိုပဲ။
"တူ...တူ...တူ..."
ဖုန်းဝင်လာတာကြောင့် ဝမ်ရိပေါ် သူ၏ တိုက်ခန်းဝရံတာဘက်သို့ ထွက်လာသည်။
"အေး...ဘယ်ဈေးတဲ့လဲ..."
"....."
"သိန်း သုံးရာ...!! "
ဝမ်ရိပေါ် အားရစွာ ပြောလိုက်ပြီးမှ အနောက်ဘက်ကိုပြန်ကြည့်လို့ အသံကို လျော့လိုက်သည်။ ဘာမသိညာမသိ ခေါက်ဆွဲဘူးတွေ တစ်ဘူးပြီး တစ်ဘူး စားနေတဲ့သူက သိန်းသုံးရာလောက်တန်သည်ကိုး။ ဒါဆိုလည်းစားပါစေ။ ဒီငါးရက်အတွင်း အများဆုံးစားနိုင် သုံးသိန်းဖိုးပေါ့။ ကိုယ်က ငကျန့်ဆိုတဲ့ ဒီငနဲကို ရောင်းစားလိုက်ရင် အများကြီး ပြန်မြတ်မှာ။
ဖုန်းပြောပြီးသည်နှင့် ဝမ်ရိပေါ် ထမင်းစား စားပွဲဆီသို့ပြန်လာကာ ငကျန့်ရှေ့တွင် ဝင်ထိုင်လိုက်သည်။ ငကျန့် ခေါက်ဆွဲတစ်ဘူးထပ်ကုန်သွားသည့် အချိန်အထိစောင့်နေပြီးနောက်...
"ငကျန့်..."
"ဘာလဲ..."
"မင်းအတွက် အလုပ်ရှာတွေ့ပြီ..."
"ဟုတ်လား..."
ငကျန့် တို့တက်ကြွသွားသည်။ ခေါက်ဆွဲတွေစားတာများလို့ ငိုက်မြည်းချင်နေသည့် စိတ်တွေတောင် ပျောက်လို့သွား၏။
YOU ARE READING
ချုံချင်းလူမိုက်ကြီး
Fanfictionမြန်မာမှုပြုထားသည့် mini ဖြစ်ပါသည်။ ကြိုပြောထားပါမယ်။ ပေါက်တတ်ကရတွေပါ ။ ဖတ်လိုက်ပြီးမှ... အချိန်ဖြုန်းမိတယ်လို့ မပြောပါနဲ့ ။ 😛 မည်သည့် platform မှာမှ share ခြင်းမပြုရ။ Cover Photo Crd: