"လူစုံပြီလား...နာမည်စစ်မယ် ကိုယ့်နာမည်ပါရင် ပါကြောင်းပြော ဟုတ်ပြီလား..."
"ဖိုးထောင်..."
"ရှိ..."
"သာဂိ..."
"ရှိပါတယ် ခင်ဗျ..."
.
.
.
.
"ငကျန့်...""ငကျန့်..."
"ငကျန့် ဘယ်မှာလဲ..."
လုပ်သားတွေကို အိန္ဒိယက ပလာတာစက်ရုံသို့ပို့မည်ဟု မက်လုံးပေးထားပြီး ထိုင်းနိုင်ငံတွင် တစ်ဖက်လှည့်ဖြင့်ရောင်းစားမည်ဖြစ်ရာ ကားဆရာကြီး အကီး က နာမည်စာရင်းစစ်နေခြင်းဖြစ်သည်။ နာမည်စာရင်းမှာ နောက်ဆုံးတစ်ယောက်ဖြစ်သည့် ငကျန့် အလှည့်တွင် ပြန်လည် ဖြေကြားခြင်းမရှိတာကြောင့် အကီး စိတ်မရှည်ဖြစ်လာရသည်။
"ငကျန့် ဘယ်မှာလဲ...! "
ဆတ်တောက်တောက်အော်မေးသံနှင့် မရှေးမနှောင်းတွင် အဝေးတစ်နေရာမှ ဆိုင်ကယ်သံပေါ်ထွက်လာသည်။ ပြီးနောက် ကားကြီး အနီးတွင် ထိုဆိုင်ကယ်ရပ်လိုက်ကာ....
"ဒီမှာ ငကျန့်ရောက်လာပြီ...လမ်းမှာ ကားပိတ်နေလို့...ငကျန့် ဆိုင်ကယ်ပေါ်ကနေဆင်းတော့ ဒါမင်းလိုက်သွားရမယ့် ကားပဲ..."
ဝမ်ရိပေါ် ငကျန့်ဘက်သို့ လှည့်ကာ ဆိုင်ကယ်ပေါ်မှဆင်းခိုင်းလိုက်သည်။ငကျန့်က ခြေထောက်ကျင်နေတာကြောင့် တော်တော်နဲ့ မဆင်းနိုင်ဖြစ်နေသည့်အခါ ဝမ်ရိပေါ် ငကျန့်၏ ခါးကနေမချီ၍ ဆိုင်ကယ်ပေါ်မှချပေးလိုက်သည်။ ထိုအခိုက် ဝမ်ရိပေါ် တွေးမိသည်က ငကျန့်၏ ခါးက တော်တော် သေးသွယ်ပြီး တစ်ကိုယ်လုံးပေါ့ရွှတ်နေတာပင်။
ငကျန့် သူ့ခေါင်းပေါ်က ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပြီး ဝမ်ရိပေါ်၏ လက်ထဲသို့ ပြန်အပ်လိုက်၏။ပြီးနောက် ရုတ်ချည်းဆိုသလို ဝမ်ရိပေါ်ကို ဖက်လိုက်ပြီး ကျောကုန်းကို လက်ဝါးဖြင့်တဘုန်းဘုန်းရိုက်၍...
"ကျေးဇူးတင်တယ် ဝမ်ရိပေါ်...ငါက လူမိုက်ကြီး တစ်ယောက်ဖြစ်လည်း ကျေးဇူးတရားတော့ မမေ့တတ်ပါဘူး...ငါကြီးပွားသွားတဲ့ တစ်နေ့ မှာ ဝိုင်းစိန်လေးနဲ့ လက်ဆက်ရင် မင်းကို အထူးဧည့်သည် အနေနဲ့ ဖိတ်မှာပါ..."
YOU ARE READING
ချုံချင်းလူမိုက်ကြီး
Fanfictionမြန်မာမှုပြုထားသည့် mini ဖြစ်ပါသည်။ ကြိုပြောထားပါမယ်။ ပေါက်တတ်ကရတွေပါ ။ ဖတ်လိုက်ပြီးမှ... အချိန်ဖြုန်းမိတယ်လို့ မပြောပါနဲ့ ။ 😛 မည်သည့် platform မှာမှ share ခြင်းမပြုရ။ Cover Photo Crd: