Part 2

4K 158 27
                                    

My Husband Is My Girlfriend's Brother

Unicode

ဆေးရုံသွားရတော့မှာမို့ တိုင်း အဝတ်အစားလဲကာ အောက်ဆင်းလာခဲ့သည်။ ဧည့်ခန်းမှာထိုင်နေတဲ့မေမေ့ကိုတွေ့တာမို့

"မေမေ ကျွန်တော် ဆေးရုံသွားတော့မယ်နော်"

"နေဦး ငါ့ကို ဖိနပ်တိုက်ပေးသွားဦး ကိုလေး
ငါဒီနေ့ ငါ့ရည်းစားဆီသွားမလို့"

"မဏ္ဍိုင် နင်အဲ့တစ်ယောက်ကို မတွဲပါနဲ့လို့ပြောနေတာမရဘူးလား အဲ့တစ်ယောက်က လူရှုတ်လူပွေလေ"

သူ မဏ္ဍိုင့်ရည်းစားကိုမမြင်ဖူးပေမယ့် သတင်းတွေတော့ ကြားနေရသည်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုလူကို သူ့ညီမလေးနဲ့တော့ သဘောမတူနိုင်ပါ။

"အဲ့ဒါငါ့ကိစ္စ နင်နဲ့ဘာမှမဆိုင်ဘူး ငါ့ရည်းစားကိုလည်း အဲ့လိုပြောနေစရာမလိုဘူး"

ဒေါ်မြတ်မာလာ မနေနိုင်တော့။ စကားများနေတဲ့‌နှစ်ယောက်ကို တားမှရတော့မည်။

"ကဲ နှစ်ယောက်လုံးတော်ကြတော့
သမီးငယ်တော်တော့
မင်းလည်းတော်တော့ သားကြီး
မင်းညီမ ဖိနပ်ကို တိုက်ပေးပြီး သွားစရာရှိတာသွားတော့"

"ဟုတ် မေမေ"

မေမေလည်း တားနေသည်မို့ တိုင်း မဏ္ဍိုင့်ကိုပြောမနေတော့ပဲ လုပ်စရာရှိတာ လုပ်ပေးကာထွက်လာလိုက်သည်။

-----------

"မင်းအမိန့်တော် ဒီကိုလာထိုင်ဦး"

ကားသော့ကို ဝှေ့ရမ်းကာ လှေကားပေါ်က ဆင်းလာသော သူ့ကို ဒယ်ဒီက လှမ်းခေါ်နေသည်။ ကိုကို့ဆီသွားမလို့ပါဆိုမှပဲ ဒယ်ဒီကခေါ်နေပြန်ပြီ။ ပြီးရင်လည်း တစ်နာရီလောက်တရားဟောပေတော့မည်။

"ဒယ်ဒီရာ မလာလို့မရဘူးလား ကျွန်တော်အပြင်သွားစရာရှိတယ်"

"မရဘူး အခုလာခဲ့ အခုမလာရင် မင်းဆိုင်ကယ်ကို ငါရောင်းပြီပဲ"

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now