My Husband Is My Girlfriend’s Brother
Unicode
ဆေးရုံကုတင်ထက်က မေ့မြောနေသော ဖြူဖျော့ဖျော့လူသားလေးရဲ့ လက်တစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း မင်းမိန့်သက်ပြင်းဖွဖွချလိုက်မိသည်။ နှစ်ပတ်ကျော်နေပြီဖြစ်သည်အထိ သတိမရသေးသောချစ်ရသူအတွက် သူ့မှာစိတ်မချမ်းမြေ့ဖြစ်နေရသည်။
“ ကိုကိုရယ် ကျွန်တော်ပင်ပန်းနေပြီမို့လို့ မြန်မြန်နိုးလာပေးပါတော့ဗျာ “
ဟုတ်သည်။ သေပြစ်ချင်လောက်အောင် ပင်ပန်းလွန်းနေပြီ။ ချစ်ရသူက သတိမေ့နေသလို မွေးမိခင်ကိုယ်တိုင်ကလည်း စိတ္တဇဆေးရုံမှာ။ သူက ကိုကို့အနားမှာ ဘယ်အချိန်များသတိရလာမလဲဆိုသော မျှော်လင့်ချက်နှင့် နေ့ညမပျက်စောင့်ကြည့်နေသလို မမကလည်း မင်းမိန့်၏ကိုယ်ပွားလေးကို စောင့်ရှောက်ပေးနေသည်။ တစ်ခါတစ်ခါ ကိုကို့ကို လာကြည့်တတ်ပေမယ့် မျက်နှာမကောင်း။ ဒယ်ဒီကတော့ မာမီရဲ့အမှုတွေအတွက် လုံးပန်းနေရတာကြောင့် လုံးဝမအား။ ချစ်မြတ်နိုးလွန်းလို့မရမကလက်ထပ်ထားသော မိန်းမဖြစ်သူ၏ ရှေ့ဆက်ရမယ့်ဘဝအတွက် ဘယ်လောက်တောင် ပူပန်နေလိမ့်မလဲဆိုတာ မင်းမိန့် ကိုယ်ချင်းစာပါသည်။
ဖြစ်ပျက်သွားသော အဖြစ်အပျက်တွေက လုံးဝကိုမြန်ဆန်လွန်းတာကြောင့် မင်းမိန့်မှာ အရာအားလုံးကိုနားလည်ဖို့ အတော်ပင် အချိန်ယူလိုက်ရသည်။ သူက ပျော့ညံ့တတ်တဲ့သူမဟုတ်ပေမယ့် ကိုကိုနှင့်ပတ်သတ်လျှင်တော့ သိပ်ကိုပျော့ညံ့ပါသည်။
လက်နှစ်ဖက်လုံးမှာ ဆေးပိုက်တန်းလန်းနှင့်ကိုကို့ကို မကြည့်ရက်နိုင်စွာ ကုတင်ပေါ်ခေါင်းမှောက်၍သာ ငိုချလိုက်မိသည်။
.
.
.တိုင်း ဘယ်နေရာမှန်းမသိသည့် တောင်ကုန်းတစ်ခုပေါ်မှာ လျှောက်ပြေးနေမိသည်။ လမ်းနှင့်တူတာဆိုလို့ တစ်ခုမှမရှိပဲ တောင်မို့မို့ပေါ်မှ မြက်ခင်းပြင်စိမ်းစိမ်း၊ တိမ်သားကင်းစင်နေသော ကောင်းကင်ပြာ၊ တောင်ကုန်း၏ပတ်ပတ်လည်မှာတော့ အဆုံးအစမရှိသော ရေပြင်ကျယ်ကြီး။ လေတဖြူဖြူးနှင့် သိပ်ကိုသာယာလွန်းသည်။ သူဒီမှာပြေးနေမိတာ ဘယ်အချိန်တောင်ရှိနေပြီမှန်းမသိ။ သတိမရတာဆိုပိုမှန်လိုက်မည်။ တိုင်းပြေးနေရင်း ခြေထောက်တွေညောင်းလာတာကြောင့် ရောက်တဲ့နေရာမှာတင် ပစ်လှဲချလိုက်သည်။
YOU ARE READING
My Husband Is My Girlfriend's Brother (Complete)
Romanceမင်းအမိန့်တော် + တိုင်းရှစ်ခွင်ယံ