Part 17

2.4K 75 9
                                    

My Husband Is My Girlfriend's Brother

Unicode

" ကိုမင်းအမိန့်တို့ပါလား Shoppingထွက်လာတာလား "

" ဪ မတေးဝတ်လွှာချို "

" ဒါနဲ့ ... "

" ဒါက ကျွန်တော့်အမျိုးသား တိုင်းရှစ်ခွင်ယံနဲ့ ကျွန်တော့်သား တော်ဝင်အမိန့်တော်ပါ "

တိုင်း သားကိုခေါ်ပြီး မောင်နဲ့ ဈေးဝယ်ထွက်လာတော့ တိုင်းထက် ငယ်ပုံရသည့်အမျိုးသမီးတစ်ယောက်က လာနှုတ်ဆက်သည်။

" ကိုမင်းမိန့်တို့ကလျှိုတယ်နော် သားနဲ့ယောကျ်ားရှိတာ အခုမှပဲသိရတော့တယ် တွေ့ရတာဝမ်းသာပါနော် အကို "

" ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ "

သူ့ကို နှစ်လိုဖွယ်ပြုံးကာ နှုတ်ဆက်လာသော ထိုမိန်းကလေးကို တိုင်းပြုံးကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

" အကို သားလေးကို တေး ခနချီလို့ရမလား "

" ဪ ရပါတယ် "

တိုင်းလက်ကိုဆွဲကာ ဘေးမှာရပ်နေသောသားကို ချီတော့ သားက သူ့ကို မော့ကြည့်လာသည်။ သူခေါင်းချက်ငြိမ့်ပြလိုက်မှ သားက တေးလက်ထဲ အသာတကြည်လိုက်သွားလေရဲ့။

***

အညိုရောင်သမ်းနေသော နှုတ်ခမ်းသားတို့တွင် Cigaretteတစ်လိပ်ကိုခဲလျက် မှန်အပြည့်ကာရံထားသော နံရံဘက်ကို မျက်နှာမူကာ ဆုံလည်ထိုင်ခုံပေါ်တွင် ဟန်ပါပါခြေချိတ်ထိုင်နေသောယောကျ်ား၏မျက်နှာက လိုအပ်သည်ထက်ပို၍ပင် တင်းမာနေသယောင်။

" Boss သစ္စာမဏ္ဍိုင်မပျောက်သွားခင်က နောက်ဆုံးအနေနဲ့ PRC Clubမှာရှိနေခဲ့တာပါ.
CCTVမတပ်ထားတဲ့ Toiletနဲ့ VIP အခန်းတွေကြားမှာ ပျောက်သွားတာပါ.
ဆက်စပ်ကြည့်ရသလောက်ဆိုရင် ကြိုတင်စီစဉ်ထားပုံရပါတယ် "

မင်းကတော်တော်လူမုန်းများတာပဲ မဏ္ဍိုင်...

" Clubပိုင်ရှင်က ဘယ်သူလဲ "

" မတေးဝတ်လွှာချိုပါ Boss "

ခင်ဗျားကရော ဘယ်လိုများသက်ဆိုင်နေတာလဲ...

***

The Dream Café အတွင်းသို့ ခြေချလိုက်တော့ ခပ်တိုးတိုးဖွင့်ထားသော Taylor Swiftရဲ့ White Horseသီချင်းသံက နားစည်ထံပျံ့လွင့်လာသည်။
ဆိုင်၏ထောင့်နားကစားပွဲတွင် စာအုပ်တစ်အုပ်ကို အသည်းအသန်ဖတ်နေသောကောင်မလေးကြောင့် သူကိုယ်တိုင်ပင်မသိလိုက်ပဲပြုံးမိသွားသည်။ ပိတောက်ခြောက်ရောင်မြန်မာဝမ်းဆက်လေးနှင့်ထိုကောင်မလေးက တေးထက် နှစ်နှစ်နီးပါးကြီးပါသည်ဟု ပြောလျှင် ယုံမည့်လူရှိမည့်ပုံမပေါ်လောက်အောင် နနုစင်လွန်းသည်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now