My Husband Is My Girlfriend’s Brother
Unicode
“ မောင် ရေ ရေ … “
ပန်းကန်ထဲက ဟင်းရည်ကို ခပ်သောက်လိုက် ဆိတ်အူတုတ်ထိုးကို ငရုတ်သီးစိမ်းနဲ့ရောကိုက်လိုက် တရှူးရှူးတရှဲရှဲနှင့် အလုပ်ရှုပ်နေသော ကိုကို့ကို ကြည့်၍ မင်းမိန့်ပင် စပ်လာသည်။
တစ်ခါမှ လမ်းဘေးစာမစားဖူးသူမို့ ဘယ်လိုစားရမှန်းပင်မသိ။
ကိုကိုက စားရင်းနဲ့ စပ်လာသည်ထင်။ ရေဘူးကို လှမ်းတောင်းနေတာမို့ ရေသန့်ဘူးကိုဖောက်၍ ကိုကို့ထံသို့ ကမ်းပေးလိုက်သည်။“ မောင် ပြီးရင် မုန့်တီသွားသောက်ရအောင် “
“ တော်ပြီ အစပ်တွေစားတာ အရမ်းများနေပြီလေ ကိုကိုရယ် “
“ မောင်ကလည်း ငါစားချင်တယ်လေ “
“ မရဘူး အစပ်မစားနဲ့တော့ စားချင်ရင် တခြားချိုတာ တစ်ခုခုစား “
တကယ်မနိုင်စိန်လေးပင်။ ဒါပေမယ့် ဒီထက်တော့ ပို၍အလိုမလိုက်နိုင်တော့။
မျက်နှာလေးကိုမဲ့၍ မျက်လုံးဝိုင်းလေးတွေနှင့် မော့ကြည့်လာသော ကိုကို့ကြောင့် မင်းမိန့်သက်ပြင်းအခါခါချရသည်။
“ ဟုတ်ပြီဗျာ စားစား “
တိကျပြတ်သားပြီးလူတကာကိုခိုင်းစေနိုင်အောင် မင်းအမိန့်တော်လို့နာမည်ပေးထားပါတယ်
ဘယ့်နှယ်ကြောင့် နာမည်အစီးလွန်ပြီး ကိုကို့နှုတ်က ထွက်သမျှစကားတိုင်းကို နာခံနေရတဲ့ကောင်ဖြစ်သွားမှန်းမသိ။***
“ မောင် “
ညလေနုသွေးအောက်က မောင့်မျက်နှာချောချောက သိပ်ကိုကြည်စင်လွန်းသည်။
တိုင်းခေါ်လိုက်တော့ မြစ်ပြင်ဘက်ကို မျက်နှာမူထားရာကနေ တိုင်းဘက်ကိုလှည့်ကာ ပြောလေဆိုသော သဘောဖြင့် မေးဆတ်ပြတာကအစ သိပ်ကို ယောကျ်ားဆန်သည်။“ ငါ မောင့်ကို သိပ်ချစ်တယ် “
“ မောင်က ပိုချစ်တာပေါ့ ကိုကိုရယ် “
အခွံပဲရှိတဲ့ မိသားစုအတွက် မပြည့်စုံမှုတွေကြားမှာ ဘဝအတွက်လိုအပ်တာတွေပဲလုပ်ခဲ့ရတဲ့ငါက အချစ်ဆိုတဲ့အရာနဲ့ တစ်ခါမှ ပတ်သတ်ဖို့မစဉ်းစားဖူးဘူးမောင်။
အချစ်ဆိုတာကို မင်းနဲ့ပဲစသိပြီး မင်းနဲ့ပဲ အဆုံးသတ်ချင်တာမို့ မင်းကတော့ ငါ့ကို ပြစ်ခွာမသွားဘူးမလား။
မသေချာတဲ့ဘဝမှာ နောက်ဆုံးအချိန်ထိဆိုတာမျိုးနဲ့ မချုပ်ကိုင်ချင်ပါဘူး
ငါက မင်းအမိန့်တော်အတိုင်း ထားရာနေ စေရာသွားမယ့် မင်းရှိရာကိုပဲ မျက်နှာမူနေမယ့် တိုင်းရှစ်ခွင်ယံဆိုတဲ့ လူသားတစ်ဦးပါ မောင်။
YOU ARE READING
My Husband Is My Girlfriend's Brother (Complete)
Romanceမင်းအမိန့်တော် + တိုင်းရှစ်ခွင်ယံ