My husband Is My Girlfriend’s Brother
Unicode
“ မောင် ငါဒီနေ့ night dutyရှိတယ်နော် အဲ့ဒါ မောင်တစ်ယောက်တည်းနေလို့အဆင်ပြေမယ်မလား “
“ မောင် မနေတတ်ဘူး
ညဘက်တော့ပြန်လာလို့မရဘူးလား “အိပ်ယာပေါ်မှာထိုင်၍ ဆေးရုံသွားဖို့ပြင်နေတဲ့တိုင်းကိုကြည့်ကာ မောင်ကပြောလာသည်။
တစ်ခါတစ်လေကျရင် တည်ငြိမ်သလိုနဲ့ ချွဲတတ်သေးတဲ့မောင်က ဥတုသုံးပါးမရွေးထရွာတတ်တဲ့ မိုးပြေးလေးလိုပဲ သိပ်ကိုချစ်ဖို့ကောင်းသည်။“ မောင်ရယ် ဒီတစ်ပတ်ပါပဲနော်
ငါကအလုပ်လုပ်နေတာမို့ မောင်ကနားလည်ပေးမယ်မလား ဟင် “ကုတင်ပေါ်မှာ ထိုင်နေတဲ့ မောင့်ခေါင်းလေးကို ပွတ်သပ်ကာ ချော့မော့သလိုလေသံလေးနဲ့ ပြောလိုက်တော့ မောင်က ခေါင်းတဆတ်ဆတ်ညှိမ့်ပြကာ
နားလည်ကြောင်းပြောလာသည်။“ မောင်နားလည်ပါတယ် ကိုကိုရဲ့
မောင်က ကိုကို့ကို သိပ်ချစ်တာနော်
မောင် အလုပ်ဆင်းရင် မောင့်ကို လာတွေ့မယ်နော် ““ မောင့်ကိုလည်း ငါက သိပ်ချစ်တာပါ မောင်ရဲ့
မောင် အားရင် ငါ့ဆီလာခဲ့ ဟုတ်ပြီလား ““ အင်း “
“ လာပါဦး ငါ့ရဲ့အသည်းအသက်ကလေးကို နမ်းပါရစေဦး “
မွမွ
တိုင်း မောင့်မျက်နှာပြင်တစ်ခုလုံးကို နှုတ်ခမ်းလေးနဲ့ ဖိကပ်နမ်းလိုက်တော့ မောင်က သဘောကျစွာ ရယ်လာသည်။
တကယ်ပါ မောင်က သိပ်ချစ်ဖို့ကောင်းလွန်းနေသည်။**
“ ဟုတ်ကဲ့ ကျွန်မတို့ဘက်က ကမ်းလှမ်းမှုကိုလက်ခံပေးလို့ ကျေးဇူးတင်ပါတယ် ကိုမင်းအမိန့်တော် “
“ ရပါတယ် ဒါကလည်း နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အလုပ်ပဲလေ “
“ တစ်လက်စတည်း ဒီကမောင်ရင်ကို အကူအညီတောင်းပါရစေကွယ် အန်ကယ်က ဒီနေ့ညပဲ ပြင်ဦးလွင်တက်မှာဆိုတော့ အန်ကယ့်သမီးလေးကို မောင်ရင်ကပဲ ရန်ကုန်က သွားစရာနေရာတွေ လိုက်ပို့ပေးလို့ရမလား “
YOU ARE READING
My Husband Is My Girlfriend's Brother (Complete)
Romanceမင်းအမိန့်တော် + တိုင်းရှစ်ခွင်ယံ