Two

856 96 4
                                    

Unicode

I . N . F . A . T . U . A . T . I . O . N

အရောင်အသွေးစုံလင်သော ပုံစံများစွာနဲ့ ဖိတ်စာအမျိုးမျိုးက Catalog ထဲတွင်နေရာယူထားကြသည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အရောင်အသွေးစုံလင်သော ပုံစံများစွာနဲ့ ဖိတ်စာအမျိုးမျိုးက Catalog ထဲတွင်နေရာယူထားကြသည် ။

သန့်ရှင်းသပ်ရပ်သော ဆိုင်အပြင်အဆင်နှင့် Luxury ဆန်တဲ့ အမျိုးအစားတွေရှိတာကြောင့် ဆောနူ စိတ်ထဲသဘောကျ၏ ။

မင်္ဂလာဆောင်ဖို့ဆိုတာထက် ရည်းစားတောင်ထားဖို့ စိတ်မကူးခဲ့သည့်သူဖြစ်တာကြောင့် ဒီလိုမင်္ဂလာရေးရာနဲ့ပက်သတ်တဲ့အရာတွေကဆောနူအတွက် အသစ်အဆန်းဖြစ်နေသလို အနဲငယ်လဲ စိတ်လှုပ်ရှားစေလိမ့်မည် ။

"ဆောနူ စိတ်ရှုပ်နေပြီလား.."

လက်နှစ်ဖက်ကိုယှဉ်တွဲလျှက်ပွတ်နေတဲ့ ဆောနူ ကို ဂျုံဆောင်းကြည့်လိုက်ရင်း စိုးရိမ်မှု့နဲ့မေးလိုက်ပါသည်

"ဟင့်အင်း ရပါတယ်.."

ထိုကောင်လေးသည် ငယ်ငယ်ကလိုပဲ ချစ်စရာကောင်းတုံး.. ကလေးဘဝထဲက တစ်ခုခုကိုအလိုမကျလျှင်တောင် ဖွင့်ပြောတက်သော ကလေးမဟုတ်ပေ

ဂျုံဆောင်း , ဆောနူကိုစစတွေ့တွေ့ချင်း ကလေးအရွယ်ထဲက အရုပ်ကလေးဟုထင်မှတ်ခဲ့ဖူးသည် ။
ဘာကြောင့်ဆို ဆောနူ ကဖြူဖြူဖွေးဖွေး နှင့် ငြိမ်ငြိမ်ကလေးနေတက်သည်မလို့ပင်...။

ဂျုံဆောင်း တို့ US ကိုပြန်တုံးအခါက ဆောနူတို့မိသားစု နှင့် ခဏခဏအဆက်အသွယ်လုပ်ခဲ့သည် ။ ဂျုံဆောင်းအထက်တန်း ကျောင်း မတက်ခင်အရွယ်ရောက်မှသာ အဆက်အသွယ်ပျက်သွားကြတာဖြစ်သည် ။

"ဆောနူ စိတ်ရှုပ်ရင်ကိုယ့်ကိုပြော နောက်နေ့မှ ပြန်ချိန်းလို့ရတယ်..."

ဖိတ်စာပုံစံကို ဒီဇိုင်းရေးဆွဲ သူနှင့် ချိန်းထားကာ ရွေးဖို့ပြင်ထားတာဖြစ်သည် ။ ဒီမင်္ဂလာဆောင်သည် ဆောနူ စိတ်တိုင်းကျ ဖြစ်စေရမည် ။ အခု ဒီဇိုင်းရေးဆွဲသူနောက်ကျနေတာကြောင့် ဆောနူ ထိုင်စောင့်နေရသည်ကို ဂျုံဆောင်း ကစိတ်တိုချင်တာဖြစ်၏ ။

INFATUATION - SunJayWhere stories live. Discover now