Four

671 79 0
                                    

UNICODE

I . N . F . A . T . U . A . T . I . O . N


မင်္ဂလာပွဲ စီစဉ်ရသည်မှာလဲ တကယ်တမ်းတော့ လွယ်ကူသည့်ကိစ္စမဟုတ်ပေ ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


မင်္ဂလာပွဲ စီစဉ်ရသည်မှာလဲ တကယ်တမ်းတော့ လွယ်ကူသည့်ကိစ္စမဟုတ်ပေ ။

ပို၍ပင်ပန်းသည်ကား မင်္ဂလာဆောင်မည့်ကာယကံရှင်တွေက နာမည်ကြီးသော မိသားစုကရတနာတွေဖြစ်တာကြောင့် ပွဲကိုစီစဉ်ရသောသူအားလုံးသည် စိတ်ပင်ပန်း , လူပင်ပန်း ဖြစ်ကြရသည်မှအမှန်ပင် ။

ဖိတ်စာရွေးပြီးသော်လည်း , မင်္ဂလာအင်္ကျီရွေးရပြန်သည် ဟော..အင်္ကျီကိစ္စပြီးလို့ဆိုသော်ငြား တခါ မင်္ဂလာနေရာရွေးရပြန်သည် ။

​တခြားသူအားလုံးထက်ပို၍ပင်ပန်းသည်မှာ ဂျုံဆောင်း နှင့် ဆောနူ သာဖြစ်သည် ။

အစစအရာရာ ဂျုံဆောင်း ကလိုက်လုပ်ပေးပါသော်လည်း ဆောနူ အနေနဲ့မျက်နှာလွှဲခဲပစ်ကလုပ်လို့မသင့်တာကြောင့် ကိစ္စသေးသေးကအစ အတူတူကြိုးပန်းရပြန်သည် ။

ဒါတောင် အိမ်ထောင်သည်ဘဝကိုမရောက်သေးသောအခြေအနေဖြစ်သည် ။

​ယခုအချိန်ကတော့ စေ့စပ်ပွဲကျင်းပကြမှာဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ အကောင်းဆောင်းဟုဆိုအပ်သော Hotel ကိုရွေးချယ်ထားကြသည် ။

စေ့စပ်ပွဲသည် မင်္ဂလာပွဲလောက်ကြီးကျယ်အောင်မလုပ်ဖူးဟု ကြွေးကြော်ထားသည့် ဆောနူ နှင့် ဂျုံဆောင်း တို့သည် တကယ့်စေ့စပ်ပွဲကိုတက်ရသည့်အချိန်တွင် နှစ်ယောက်သားအံ့ဩခြင်းများနဲ့သာ...

မိဘတွေရဲ့ဂုဏ်ရှိန်အဝါတွေကြောင့် ပုံမှန်သူဌေးတွေလုပ်သည့်ပွဲထက်တောင်ခန်းနားသည်ပင် ​။

"အကိုလေး.. ခန်းမထဲဝင်ရမယ့်အချိန်ရောက်ပါပြီ"

အိမ်တော်ထိန်း SeHo ပြောသည်နှင့် ဆောနူ နဲ့ ဂျုံဆောင်း တို့သည် ပြိုင်တူရပ်လိုက်ရင်း ခန်းမဆီသို့ဦးတည်လိုက်ကြသည် ။

INFATUATION - SunJayWhere stories live. Discover now