Unicode
I . N . F . A . T . U . A . T . I . O . N
အခုတလော ဆောနူ နေသိပ်မကောင်းပါ.. အစာမာမာတွေစားမရပဲ ခေါင်းခဏခဏမူးနေသည့် အချိန်တွေသည် ဆောနူ ကိုဒုက္ခပေးလျှက်ရှိသည်...ခေါင်းကိုသာသာဖိရင်း အတွင်းရေးမှုး YungHo ကိုမျက်စပစ်ကာ 'ငါအဆင်ပြေတယ်' ဟူသည့် အကြည့်နဲ့ကြည့်လိုက်ရင်း meeting room ထဲသို့ ဆောနူ ဝင်သွားခဲ့ပါသည် ။
YungHo ကတော့အနောက်ကနေပါလာရင်း ဆောနူ ကိုကြည့်နေရသည်။
Meeting room ထဲတွင်ရှယ်ယာရှင်များနဲ့ ကုမ္ပဏီမှအခြားသော ရာထူးမြင့်လူကြီးတွေလဲ နေရာယူပြီးကြပြီဖြစ်သည် ။ထိုထဲကမှ သူတို့ကုမ္ပဏီတွင်အခုရက်ပိုင်းအတွင်း ရှယ်ယာ အများဆုံးပါဝင်ထားသော ဆောင်ဟွန်း လဲထိုင်နေသည် ။
ဆောနူ အကုန်လုံးကိုအရိုအသေပေးလိုက်ရင်း meeting ကိုစတင်တော့သည် ။
မကြာပါ , ၁၀ မိနစ်လောက်နေတော့ ဆောနူ ချွေးတွေပြန်လာသည် ။ နဖူးကနေစီးကျနေတဲ့ ချွေးတို့ကို တစ်ရှုးနဲ့သုတ်လိုက်ရင်း ခေါင်းကိုအနဲငယ်ခါလိုက်သည် ။သူတကယ်နေလို့မကောင်းချင်ပါ , meeting တွင်တင်ပြနေသည်များကိုလဲအာရုံမစိုက်နိုင်... အခုလောလောဆယ် သူအိမ်ပြန်၍နားချင်တာပဲသိသည် ။
သို့ပင်မယ့် meeting ကိုလဲရပ်ပစ်လို့ကမဖြစ်သေးပေ ။ ဆောနူ ဖြစ်နေသမျှကိုအောင့်အီးသီးခံရင်း ဆက်ထိုင်နေလိုက်သည် ။ တစ်ခုခုပြောသံကြားလျှင် ခေါင်းငြိမ့်ကာသာ ဖြေမိ၏ ။
ဒီနေ့ကြမှ အချိန်တော်တော်နဲ့မပြီးပျက်သော meeting ကိုသူပေါက်ကွဲချင်လာသည် ။ အတွေးတွေကလဲဘာမဆီညာမဆိုင် အကိုဂျုံဆောင်း တို့အိမ်က Mint-Choco ရေခဲမုန့်များအား သတိရမိပါသေးသည် ။
YOU ARE READING
INFATUATION - SunJay
FanfictionFirst EN- Fanfic in Burmese Uni_Zaw [ Jay become infatuated with Sunoo ] Just A fictional story ⚠️ March 13 . 2022