Six

1.2K 96 12
                                    

I . N . F . A . T . U . A . T . I . O . N



Hotel စရောက်ထဲကအိပ်နေတဲ့ ဆောနူ ကို ဂျုံဆောင်း မနှိုးတော့ပဲ သူရေအရင်ချိုးလိုက်သည် ။ဂျုံဆောင်း ရေချိုးပြီးလို့ အင်္ကျီလဲပြီးတာတောင် ဆောနူ ကမနှိုးသေး ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



Hotel စရောက်ထဲကအိပ်နေတဲ့ ဆောနူ ကို ဂျုံဆောင်း မနှိုးတော့ပဲ သူရေအရင်ချိုးလိုက်သည် ။
ဂျုံဆောင်း ရေချိုးပြီးလို့ အင်္ကျီလဲပြီးတာတောင် ဆောနူ ကမနှိုးသေး ။

ကုတင်ပေါ်သို့တက်သွားကာ ချစ်ရသူရဲ့ပါးအိအိလေးတွေငုံ့နမ်းမိတော့ ဆောနူ တစ်ယောက်အသံသဲ့သဲ့ထွက်ကာ တစ်ဖက်လှည့်သွားသည် ။

ကြာကြာထပ်အိပ်ရင်နေမကောင်းဖြစ်နေမည်ဆိုးတာကြောင့် ဂျုံဆောင်း အသဲယားစွာနဲ့ပဲ ဆောနူ ကိုလှုပ်၍နှိုးလိုက်သည် ။

"ဆောနူ ထတော့လေ.. ရောက်ထဲကအိပ်နေတာ ခေါင်းတွေကိုက်တော့မယ်"

ဂျုံဆောင်း ကပြောရင်းနှိုးတော့ မျက်လုံးကိုမပွင့်တပွင့်နဲ့ နှိုးလာတဲ့ ဆောနူ က ဂျုံဆောင်း အတွက် သက်ရှိအရုပ်ကလေးလိုပဲ ။ တခါတလေကျရင် ဆောနူ ကိုသူဝါးစားပစ်လိုက်ချင်တယ် ။

"အင်...ကိုကို ကအိပ်မပျော်ဘူးလား?"

အသံကလဲပလုံးပထွေးနဲ့မို့ ဆောနူ အား ကျောကနေပင့်ပေးကာ ထိုင်စေလိုက်သည် ။

"အင်း.. ဆောနူ အိပ်နေတာ စောင့်နေတာလေ အခုခေါင်းတွေကိုက်နေပြီမလား?"

"ဟီး..အင်း! ကြာသွားလို့နဲ့တူတယ်"

ပြောရင်းနှင့်ပင် ဂျုံဆောင်း ရင်ခွင်ထဲတိုးဝင်လာသော အနှီလူသားလေးအား ဖက်ထားလိုက်သည် ။

"ရေချိုးတော့လေ ပြီးရင် လျှောက်လည်ကြမယ်"

"အင်း...ပျင်းတယ်"

ကပ်ကာချွဲနေသော ဆောနူ အား ဂျုံဆောင်း စချင်တာနဲ့ ။

"ကိုကို ချိုးပေးရမလား?"

INFATUATION - SunJayWhere stories live. Discover now