အပိုင်း [ ၁၁ ]

1.7K 103 18
                                    

ချစ်ရသူနဲ့ အတူ အိပ်ယာကနေနိုးထရတဲ့ မနက်ခင်းလောက် ဘယ်အရာကမှ ကြည်နူးစရာမကောင်းနိုင်ပေ ။ ရင်ခွင်ထဲမှာ တရှူးရှူးနဲ့ အိပ်မောကျနေတဲ့ ကောင်လေးကို ကြည့်ပြီး သူ့မှာ ချစ်စိတ်တို့ တစ်ရိပ်ရိပ်တိုးလာရသည်။

မနက်ခင်းအနမ်းလေးအဖြစ် ဖောင်းတက်နေတဲ့ ပါးအိအိလေးထဲ နှာခေါင်းနစ်ဝင်သည်အထိ နမ်းရှိုက်မိလိုက်တော့သည် ။ ထိုအခါမှ တအွန်းအွန်း ၊ တအဲအဲနှင့် နိုးလာပါသော ကလေးပေါက်စ ။

" အွန်း ခမ်း "

" နိုးပြီလား ကလေးလေး "

" အင်း "

" ကဲ ထတော့ဗျာ ၊ မျက်နှာသစ် ရေမိုးချိုးပြီး ကိုယ်တို့ မနက်စာစားရအောင် "

" ဟုတ် "

" ခမ်း "

" ဗျာ "

" ခမ်း ဒီနေ့အလည်လိုက်ပို့ပေးမှာလားဟင် "

" အင်း ကိုယ်ဒီနေ့ ရုံးမှာတော့ ခဏ အစည်းအဝေးရှိတယ် ၊ နှစ်ပတ်လည် အစည်းအဝေးမလို့ တိုင်းရင်းသားပေါင်းစုံတော့ တက်ကြမှာ ကလေးရဲ့ "

" ဟုတ် ရတယ်လေ ၊ ခမ်းမအားရင်လည်း နောက်နေ့မှပေါ့ ဟီး အချိန်တွေကျန်သေးတာကို "

" အား ကိုယ့်ကလေးလေးက လိမ္မာလိုက်တာကွာ "

အင့် ။
ဆိုပြီး နှုတ်ခမ်းလေးကို စူပေးလာတဲ့ ကလေးလေး ။ ဟက် အသည်းယားစရာလေး ကိုယ့်ကလေးက ။

" ဒီနှုတ်ခမ်းလေးက ဘာလို့အရှေ့ကို စူထွက်လာရတာလဲ ပြောပါဦး "

" ယိမ်မာယို့ ချုပေးယေ ခမ်းကရဲ "

" ဟားဟား "

အွတ်  ၊ အွန်း ပြွတ်စ်။

" အင့် ခမ်း အသက်ရှုကြပ်လာပြီ "

" ကလေးက အရင်စတာကို "

" ဒါပေမဲ့လည်း ... "

" တော်ပြီ ၊မျက်နှာသစ်တော့မယ် ၊ ဟွန့် "

အမေ့ ။

" ခမ်း !.... "

" ကိုယ်နဲ့အတူတူသွားမယ် "

ခမ်းကတော့ တကယ့်အဆိုးပါဗျာ ။

åååå

အယူခံဝင်မယ့်ချစ်ခြင်း [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]Where stories live. Discover now