အပိုင်း [ ၁၄ ]

1.3K 91 12
                                    

ညို့မှိုင်းအခု ရန်ကုန်ကိုရောက်နေတာဖြစ်သည် ။ ရုံးချုပ်က ရန်ကုန်မှာရှိတာကြောင့် နှစ်ပတ်လည်အစည်းအဝေးကို ရုံးချုပ်မှာ ပြုလုပ်ခြင်းဖြစ်သည် ။ နေတာကတော့ ဟိုကောင် ခမ်းချစ်အိမ်မှာဘဲ ဖြစ်သည် ။ ဒီကို ရောက်နေတာ ၃ ရက်လောက်ရှိပြီဖြစ်တာကြောင့် အသက်ကိုလည်း အရမ်းလွမ်းနေပြီဖြစ်သည် ။

အစည်းအဝေးက မနေ့ကတည်းက ပြီးသွားပြီဖြစ်တာကြောင့် ကျုပ်ပြန်တော့မည်ဆိုတာကို ဟို ခွေးကောင်က ဘာကြောင့်မပြန်ခိုင်းသေးမှန်းမသိ ။ အခုလည်း သွေးလေးနှင့် နှစ်ယောက်သား အပြင်ကိုသွားတာ မပြန်လာကြသေး ။ နို့ ဒီကောင်တွေက သူများ အသက်ကိုလွမ်းနေမှန်းသိလို့ တမင်ချစ်ကြည်နူးပြနေလားထင်ရသည် ။

" ဟူး မောင်လွမ်းလှပြီ မောင့်အသက်ရေ "

အဲ့အချိန်မှာဘဲ အိမ်ထဲဝင်လာတဲ့ ဟိုကောင် ။

" ဟေ့ကောင် မင်းဘာတွေအဲ့လောက်တောင် အော်ပြီး ပြောနေရတာလဲ ညို့မှိုင်းသစ်ရဲ့ "

" နို့ငါ ငါ့အသက်ကိုလွမ်းလှပြီ ခွေးသားရ "

" ဦးမှိုင်းကလည်း ကလေးလည်းမဟုတ်ဘဲ အော်နေရလား "

" ဟေ့ကောင် မင်းက မင်းရဲ့ခမ်းနဲ့နေရတယ်ဆိုပြီး ငါ့ကို အာခံတာလား "

" ဟိုကောင် မင်းငါ့ကလေးကို လာမဲမနေနဲ့ "

" အဲ့တာ မင်းကြောင့်လေ ခွေးသားရဲ့ ၊ နို့ ငါပြန်တော့မယ်ဆိုတာကို အသက်က ငါ့ကိုမျှော်နေတော့မှာ "

" မင်းကလည်းကွာ ကလေးနဲ့ ငါလည်း မနက်ဖြန်ဆို ပြန်ကြမှာလေ ၊ အဲ့တာကြောင့် အတူတူပြန်ရအောင်ပါ "

" ဟင်း မင်းလုပ်ထားဦးပေါ့ ခမ်းချစ်ထွန်းရာ"

" အာ ... "

" ဘာဖြစ်တာလဲ မင်းဟာကို ကင်းကိုက်သွားလို့လား "

" ခွေးကောင် ! ... "

" ကလေး "

" ဟင် "

" လိပ်ပြာ ကိုယ်တို့နဲ့ လိုက်လာတာ မဟုတ်ဘူးလား "

" အာ ဟုတ်သားဘဲ ၊ မမလိပ်ပြာက အိမ်မသိလို့များလား ခမ်း "

" မဟုတ်တာ ကလေးရာ ၊ သူ သိပါတယ် "

အယူခံဝင်မယ့်ချစ်ခြင်း [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]Où les histoires vivent. Découvrez maintenant